မိက္ခာ 6:6-12 BCL

6 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ သော​အ​ခါ ငါ​သည်​မည်​သည့်​ပူ​ဇော်​သကာ​ကို ယူ​ဆောင်​ခဲ့​ရ​ပါ​မည်​နည်း၊ ဆူ​ဖြိုး​သော​နွား က​လေး​ကို​မီး​ရှို့​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ ပါ​မည်​လော၊-

7 ငါ​သည်​သိုး​ထောင်​ပေါင်း​များ​စွာ​ကို​သော် လည်း​ကောင်း၊ သံ​လွင်​ဆီ​ကို​ချောင်း​စီး​အောင် သော်​လည်း​ကောင်း​ယူ​ဆောင်​ခဲ့​လျှင် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​မည်​လော၊ ငါ​၏ အ​ပြစ်​ပြေ​စေ​ရန်​ကိုယ်​တော်​အား ငါ​၏ သား​ဦး​ကို​ဆက်​သ​ရ​မည်​လော၊-

8 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​သော​အ​ရာ​ကို ပြ​တော်​မူ​ပြီ။ ကိုယ်​တော်​အ​လို​ရှိ​တော်​မူ သော​အ​ရာ​ကို​ဖော်​ပြ​တော်​မူ​ခဲ့​ပြီ။ ကိုယ် တော်​အ​လို​ရှိ​သော​အ​ရာ​သည်​ကား​တ​ရား မျှ​တ​စွာ​ပြု​ကျင့်​ခြင်း၊ မေတ္တာ​က​ရု​ဏာ​ထား ရှိ​ခြင်း၊ စိတ်​နှိမ့်​ချ​စွာ​သင်​၏​ဘု​ရား​သ​ခင် နှင့်​အ​တူ​သွား​လာ​နေ​ထိုင်​ခြင်း​တို့​ဖြစ် သ​တည်း။

9 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​သည် ပညာ​ရှိ​၏။ ကိုယ်​တော်​သည်​မြို့​ကို​ဤ​သို့​ဆင့် ဆို​တော်​မူ​၏။ ``မြို့​ထဲ​ရှိ​လူ​ပ​ရိ​သတ် အ​ပေါင်း​တို့၊ နာ​ခံ​ကြ​လော့၊-

10 ဆိုး​သွမ်း​သော​သူ​တို့​၏​အိမ်​များ​တွင်​မ​တ ရား​သ​ဖြင့် ရ​ရှိ​ထား​သော​ဥစ္စာ​ပစ္စည်း​များ ရှိ​၏။ သူ​တို့​သည်​မ​မှန်​ကန်​သည့်​အ​ခြင် အ​တွယ်​တို့​ကို​သုံး​ကြ​၏။ ထို​မ​မှန်​ကန် သည့်​အ​ခြင်​အ​တွယ်​တို့​ကို​ငါ​ရွံ​ရှာ​၏။-

11 မ​မှန်​ကန်​သော​အ​လေး​ချိန်​ခွင်​ကို​သုံး​စွဲ သူ​တို့​အား ငါ​သည်​မည်​ကဲ့​သို့​အ​ပြစ်​လွှတ် နိုင်​မည်​နည်း။-

12 ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​တို့​သည်​ဆင်း​ရဲ​သား တို့​အ​ပေါ်​တွင်​ခေါင်း​ပုံ​ဖြတ်​ကြ​၏။ သင်​တို့ အ​ပေါင်း​သည်​လူ​လိမ်​များ​ဖြစ်​ကြ​၏။-