ယောဘဝတ္တု။ 12:6-12 BCL

6 ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။

7 သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။

8 မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။

9 ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။

10 အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော်၌ ရှိ၏။

11 ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။

12 အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏။