ယောဘဝတ္တု။ 15:7-13 BCL

7 သင်သည် အဦးဆုံးဘွားသောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော။

8 ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီ လော။

9 ငါတို့မသိ၊ သင်သိသောအရာမည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာမည်မျှရှိသနည်း။

10 သင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ၏။

11 သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တစုံတခုရှိသလော။

12 ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။

13 သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။