ရု​သ 1:12-18 BCL

12 အိမ်​သို့​ပြန်​ကြ​လော့။ ငါ​သည်​နောက်​ထပ်​အိမ် ထောင်​ပြု​ရန်​အ​ရွယ်​လွန်​လေ​ပြီ။ အ​ကယ်​၍ ငါ့​မှာ​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​ဖြင့် ယ​ခု ပင်​အိမ်​ထောင်​ကျ​၍​သား​များ​ကို​ရ​ရှိ​သည် ဟု​ဆို​စေ​ကာ​မူ၊-

13 သင်​တို့​သည်​ထို​သား​များ​ကြီး​ပြင်း​လာ​သည် တိုင်​အောင် စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​လော။ ယင်း သို့​စောင့်​ဆိုင်း​ကာ​နောက်​အိမ်​ထောင်​မ​ပြု​ဘဲ​နေ ကြ​ပါ​မည်​လော။ ငါ့​သ​မီး​တို့​ဤ​သို့​မ​ဖြစ်​နိုင် ကြောင်း​ကို​သင်​တို့​သိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ်​၍ ငါ​သည် သင်​တို့​အ​တွက်​အ​လွန်​ဝမ်း​နည်း​ပါ​၏'' ဟု ဆို​၏။

14 သူ​တို့​သည်​လည်း​တစ်​ဖန်​ငို​ကြွေး​ကြ​၏။ ထို နောက်​သြ​ရ​ပ​သည် မိ​မိ​၏​ယောက္ခ​မ​အား နမ်း​ရှုတ်​နှုတ်​ဆက်​ပြီး​လျှင်​အိမ်​သို့​ပြန်​လေ​၏။ ရု​သ​မူ​ကား​မ​ပြန်​ဘဲ​နေ​၏။-

15 သို့​ဖြစ်​၍​နော​မိ​က``ရု​သ၊ သင့်​အစ်​မ​သည် မိ​မိ​အ​မျိုး​သား​များ၊ မိ​မိ​၏​ဘု​ရား​ထံ သို့​ပြန်​သွား​လေ​ပြီ။ သင်​သည်​လည်း​သူ နှင့်​အ​တူ​ပြန်​သွား​ပါ​လော့'' ဟု​ပြော​၏။

16 သို့​ရာ​တွင်​ရုသ​က``မိ​ခင်​ကို​စွန့်​ခွာ​ရန် ကျွန်​မ အား​မ​တိုက်​တွန်း​ပါ​နှင့်။ မိ​ခင်​နှင့်​လိုက်​ခွင့်​ပြု ပါ။ ကျွန်​မ​သည်​မိ​ခင်​သွား​ရာ​သို့​သွား​ပါ မည်။ မိ​ခင်​နေ​ထိုင်​ရာ​တွင်​နေ​ထိုင်​ပါ​မည်။ မိ​ခင်​၏​အမျိုး​သား​များ​သည်​ကျွန်​မ​၏ အ​မျိုး​သား​များ၊ မိ​ခင်​၏​ဘု​ရား​သည် ကျွန်​မ​၏​ဘု​ရား​ဖြစ်​ပါ​မည်။-

17 မိ​ခင်​သေ​ရာ​အ​ရပ်​တွင်​ကျွန်​မ​သေ​ပါ မည်။ ထို​အ​ရပ်​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပါ​မည်။ အ​ကယ်​၍​ကျွန်​မ​သည် သေ​ခြင်း​မှ​တစ်​ပါး အ​ခြား​အ​ကြောင်း​တစ်​ခု​ခု​ကြောင့် မိ​ခင်​နှင့် ခွဲ​ခွာ​ခဲ့​လျှင်​ဘု​ရား​သ​ခင်​သည် ကျွန်​မ​အား အ​ဆိုး​ရွား​ဆုံး​သော​အ​ပြစ်​ဒဏ်​ကို​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ပြန်​ပြော​လေ​သည်။

18 မိ​မိ​နှင့်​အ​တူ​လိုက်​ရန် ရု​သ​စိတ်​ပိုင်း​ဖြတ် ထား​ကြောင်း​နော​မိ​သိ​သော​အ​ခါ ထပ်​မံ မ​တိုက်​တွန်း​ဘဲ​နေ​၏။