ရု​သ 3:10-16 BCL

10 ဗော​ဇ​က​လည်း``သင့်​ကို​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ။ ယ​ခု​သင်​ပြု သော​အ​မှု​သည် ယ​ခင်​က​သင့်​ယောက္ခ​မ​အား ပြု​ခဲ့​သည့်​အ​မှု​ထက်​ပင်​ပို​၍ သင်​၏​သစ္စာ​ရှိ မှု​ကို​ပေါ်​လွင်​စေ​ပါ​၏။ သင်​သည်​ဆင်း​ရဲ​သူ သို့​မ​ဟုတ်​ချမ်း​သာ​သူ လူ​ပျို​လူ​ရွယ်​တစ်​စုံ တစ်​ယောက်​ကို​ရှာ​နိုင်​သော်​လည်း​မ​ရှာ​ခဲ့​ပါ။-

11 ရု​သ၊ ယ​ခု​သင်​မ​စိုး​ရိမ်​ပါ​နှင့်။ သင်​ပြော သ​မျှ​အ​တိုင်း​ငါ​ပြု​မည်။ သင်​သည်​အ​ကျင့် သီ​လ​ရှိ​သည့်​အ​မျိုး​သ​မီး​တစ်​ဦး​ဖြစ် သည်​ကို​တစ်​မြို့​လုံး​သိ​ကြ​ပါ​သည်။-

12 ငါ​သည်​သင်​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​ဖြစ်​၍ သင်​၏​အ​တွက်​တာ​ဝန်​ရှိ​သည်​ကား​မှန်​၏။ သို့ ရာ​တွင်​ငါ့​ထက်​ပင်​ပို​၍​ရင်း​ချာ​သည့်​ဆွေ မျိုး​တစ်​ဦး​ရှိ​ပါ​သေး​သည်။-

13 သင်​သည်​ယ​နေ့​ညဥ့်​ကုန်​ဆုံး​သည်​တိုင်​အောင် ဤ​နေ​ရာ​တွင်​နေ​ပါ​လော့။ သင်​၏​အ​တွက်​ထို သူ​တာ​ဝန်​ယူ​လို​သည်​မ​ယူ​လို​သည်​ကို​မိုး သောက်​သော​အ​ခါ ငါ​တို့​မေး​မြန်း​စုံ​စမ်း​ကြ မည်။ အ​ကယ်​၍​သူ​တာ​ဝန်​ယူ​လို​ပါ​လျှင်​ယူ ပါ​လေ​စေ။ သူ​မ​ယူ​လို​လျှင်​မူ​ကား ငါ​တာ​ဝန် ယူ​မည်​ဖြစ်​ကြောင်း​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏။ ယ​ခု သင်​သည် ဤ​နေ​ရာ​တွင်​လဲ​လျောင်း​လျက်​မိုး သောက်​ချိန်​တိုင်​အောင်​နေ​ပါ​လော့'' ဟု​ဆို​၏။

14 သို့​ဖြစ်​၍​ရု​သ​သည်​မိုး​သောက်​ချိန်​တိုင်​အောင် ဗော​ဇ​၏​ခြေ​ရင်း​တွင်​အိပ်​လျက်​နေ​၏။ သို့​သော် လည်း​ဗော​ဇ​သည်​ရု​သ​ရောက်​ရှိ​လာ​ကြောင်း ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​လို​သော​ကြောင့် ရု​သ​သည်​မိုး​မ​လင်း​မီ​အိပ်​ရာ​မှ​ထ​လေ သည်။-

15 ထို​အ​ခါ​ဗော​ဇ​က​သူ့​အား``သင်​၏​ခြုံ​ထည် ကို​ဤ​နေ​ရာ​တွင်​ဖြန့်​လော့'' ဟု​ဆို​သည် အ​တိုင်း​သူ​သည်​ပြု​၏။ ဗော​ဇ​သည်​မု​ယော စ​ပါး​တစ်​တင်း​ခန့်​ကို​လောင်း​ထည့်​ပြီး​လျှင် ချီ​ပင့်​၍​ပေး​သ​ဖြင့်​ရု​သ​သည်​ထို​စ​ပါး ထုပ်​နှင့်​မြို့​သို့​ပြန်​လေ​၏။-

16 သူ​သည်​မိ​မိ​၏​ယောက္ခမ​ထံ​သို့​ရောက်​သော အ​ခါ ယောက္ခ​မ​က``ငါ့​သ​မီး၊ သင့်​အ​ရေး အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။ရု​သ​သည်​ဗော​ဇ​ပြု​သ​မျှ​ကို​နော​မိ အား​ပြန်​ကြား​ပြီး​နောက်၊-