ရု​သ 3:13-18 BCL

13 သင်​သည်​ယ​နေ့​ညဥ့်​ကုန်​ဆုံး​သည်​တိုင်​အောင် ဤ​နေ​ရာ​တွင်​နေ​ပါ​လော့။ သင်​၏​အ​တွက်​ထို သူ​တာ​ဝန်​ယူ​လို​သည်​မ​ယူ​လို​သည်​ကို​မိုး သောက်​သော​အ​ခါ ငါ​တို့​မေး​မြန်း​စုံ​စမ်း​ကြ မည်။ အ​ကယ်​၍​သူ​တာ​ဝန်​ယူ​လို​ပါ​လျှင်​ယူ ပါ​လေ​စေ။ သူ​မ​ယူ​လို​လျှင်​မူ​ကား ငါ​တာ​ဝန် ယူ​မည်​ဖြစ်​ကြောင်း​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏။ ယ​ခု သင်​သည် ဤ​နေ​ရာ​တွင်​လဲ​လျောင်း​လျက်​မိုး သောက်​ချိန်​တိုင်​အောင်​နေ​ပါ​လော့'' ဟု​ဆို​၏။

14 သို့​ဖြစ်​၍​ရု​သ​သည်​မိုး​သောက်​ချိန်​တိုင်​အောင် ဗော​ဇ​၏​ခြေ​ရင်း​တွင်​အိပ်​လျက်​နေ​၏။ သို့​သော် လည်း​ဗော​ဇ​သည်​ရု​သ​ရောက်​ရှိ​လာ​ကြောင်း ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​လို​သော​ကြောင့် ရု​သ​သည်​မိုး​မ​လင်း​မီ​အိပ်​ရာ​မှ​ထ​လေ သည်။-

15 ထို​အ​ခါ​ဗော​ဇ​က​သူ့​အား``သင်​၏​ခြုံ​ထည် ကို​ဤ​နေ​ရာ​တွင်​ဖြန့်​လော့'' ဟု​ဆို​သည် အ​တိုင်း​သူ​သည်​ပြု​၏။ ဗော​ဇ​သည်​မု​ယော စ​ပါး​တစ်​တင်း​ခန့်​ကို​လောင်း​ထည့်​ပြီး​လျှင် ချီ​ပင့်​၍​ပေး​သ​ဖြင့်​ရု​သ​သည်​ထို​စ​ပါး ထုပ်​နှင့်​မြို့​သို့​ပြန်​လေ​၏။-

16 သူ​သည်​မိ​မိ​၏​ယောက္ခမ​ထံ​သို့​ရောက်​သော အ​ခါ ယောက္ခ​မ​က``ငါ့​သ​မီး၊ သင့်​အ​ရေး အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။ရု​သ​သည်​ဗော​ဇ​ပြု​သ​မျှ​ကို​နော​မိ အား​ပြန်​ကြား​ပြီး​နောက်၊-

17 ``သူ​သည်​ကျွန်​မ​အား`မိ​ခင်​ထံ​သို့​လက်​ချည်း သက်​သက်​မ​ပြန်​ရ' ဟု​ဆို​ကာ​ဤ​မု​ယော​စ​ပါး ကို​ပေး​လိုက်​ပါ​သေး​သည်'' ဟု​ပြော​၏။

18 နော​မိ​က``ရု​သ၊ ဤ​အ​မှု​အ​ဘယ်​သို့​အ​ဆုံး သတ်​သည် ကို​သိ​ရှိ​ရ​သည်​တိုင်​အောင်​စိတ်​ရှည် လျက်​စောင့်​နေ​ပါ​လော့။ ဗော​ဇ​သည်​ယ​နေ့ ဤ​ကိစ္စ​မ​ပြီး​ပြတ်​မ​ချင်း နား​နေ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။