ရု​သ 3:3-9 BCL

3 သို့​ဖြစ်​၍​သင်​သည်​ကိုယ်​လက်​သုတ်​သင်​ပြီး လျှင် နံ့​သာ​အ​မွှေး​အ​ကြိုင်​များ​လူး​၍​အ​လှ ဆုံး​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​ကာ​သူ စ​ပါး​နယ်​ရာ​သို့​သွား​ပါ​လော့။ သို့​ရာ​တွင် ထို​အ​ရပ်​သို့​သင်​ရောက်​ရှိ​နေ​ကြောင်း​ကို သူ စား​သောက်​ပြီး​သည်​တိုင်​အောင်​သူ့​အား အ​သိ​မ​ပေး​နှင့်။-

4 သူ​အိပ်​စက်​ရန်​လဲ​လျောင်း​သည့်​နေ​ရာ​ကို​မှတ် သား​ထား​လော့။ သူ​အိပ်​ပျော်​သွား​သော​အ​ခါ ကျ​မှ​သွား​၍​စောင်​ကို​မ​ပြီး​လျှင် သူ​၏​ခြေ ရင်း​တွင်​ဝင်​၍​လဲ​လျောင်း​နေ​ပါ​လေ။ သင့်​အား အ​ဘယ်​သို့​ပြု​စေ​လို​သည်​ကို​သူ​ပြော​ပြ ပါ​လိမ့်​မည်'' ဟု​ဆို​၏။

5 ရု​သ​က​လည်း``မိ​ခင်​မှာ​ထား​သ​မျှ​အ​တိုင်း ကျွန်​မ​ပြု​ပါ​မည်'' ဟု​ပြန်​ပြော​၏။

6 ထို​နောက်​ရု​သ​သည်​ကောက်​နယ်​တ​လင်း​သို့ သွား​၍ မိ​မိ​၏​ယောက္ခ​မ​မှာ​ကြား​လိုက်​သည် အ​တိုင်း​ပြု​၏။-

7 ဗော​ဇ​သည်​စား​သောက်​၍​ပြီး​သော​အ​ခါ​စိတ် ရွှင်​ပြ​လျက် စ​ပါး​ပုံ​ရှိ​ရာ​သို့​သွား​၍​အိပ် လေ​သည်။ ရု​သ​သည်​သူ​၏​ထံ​သို့​တိတ်​တ ဆိတ်​ချဉ်း​ကပ်​၍ စောင်​ကို​မ​ပြီး​လျှင်​သူ​၏ ခြေ​ရင်း​တွင်​လဲ​လျောင်း​လိုက်​၏။-

8 သန်း​ခေါင်​အ​ချိန်​၌​ဗောဇ​သည်​အိပ်​ရာ​မှ​ရုတ် တ​ရက်​နိုး​လာ​သ​ဖြင့် ကိုယ်​ကို​လှည့်​လိုက်​ရာ မိ​မိ​ခြေ​ရင်း​တွင် အိပ်​လျက်​နေ​သည့်​အမျိုး သမီး​ကို​တွေ့​ရှိ​ရ​သ​ဖြင့်၊-

9 ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။ရု​သ​က​လည်း``အ​ရှင်၊ ကျွန်​မ​သည်​ရု​သ​ဖြစ် ပါ​သည်။ အ​ရှင်​သည်​ကျွန်​မ​နှင့်​ဆွေ​မျိုး​တော် စပ်​သူ​ဖြစ်​၍ ကျွန်​မ​အား​ကြည့်​ရှု​စောင့်​ရှောက် ရန်​တာ​ဝန်​ရှိ​သူ​ဖြစ်​ပါ​၏။ ထို့​ကြောင့်​ကျွန်​မ အား​ထိမ်း​မြား​လက်​ထပ်​တော်​မူ​ပါ'' ဟု​ပြန် ပြော​လေ​၏။