ရု​သ 4:15-18-22 BCL

15 သင်​၏​ချွေး​မ​သည်​သင့်​ကို​ချစ်​သ​ဖြင့် သား ယောကျာ်း​ခု​နစ်​ယောက်​ထက်​ပင်​သင့်​အား​ပို ၍​ပြု​စု​ခဲ့​သူ​ဖြစ်​ပေ​သည်။ ယ​ခု​သူ​သည် မြေး​ယောကျာ်း​က​လေး​ကို မွေး​ဖွား​ပေး​လေ ပြီ။ ထို​သူ​ငယ်​သည်​သင့်​အား​ဘ​ဝ​သစ်​ကို ပေး​၍ သင်​အို​မင်း​မ​စွမ်း​ရှိ​ချိန်​၌​လုံ​ခြုံ မှု​ကို​ပေး​မည့်​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ဆို ကြ​၏။-

16 နော​မိ​သည်​က​လေး​ငယ်​ကို​ယူ​၍​ပိုက်​ချီ လျက်​ထိန်း​လေ​၏။

17 အိမ်​နီး​ချင်း​အ​မျိုး​သ​မီး​များ​က ထို​သူ ငယ်​ကို​သြ​ဗက်​ဟူ​သော​နာ​မည်​ကို​ပေး​ကြ လျက်``နော​မိ​သည်​သား​ယောကျာ်း​က​လေး ကို​ရ​ရှိ​လေ​ပြီ'' ဟု​လူ​အ​ပေါင်း​တို့​အား ပြော​ကြား​ကြ​၏။ သြ​ဗက်​သည် ဒါ​ဝိဒ်​၏ အ​ဖ​ဖြစ်​သူ​ယေရှဲ​၏​ဖ​ခင်​ဖြစ်​လာ​လေ သည်။

18-22 ဖာ​ရက်​မှ​ဒါ​ဝိဒ်​တိုင်​အောင် သား​စဉ်​မြေး​ဆက် များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ အာ​ရံ၊ အ​မိ​န​ဒပ်၊ နာ​ရှုန်၊ စာ​လ​မုန်၊ ဗော​ဇ၊ သြ​ဗက်၊ ယေ​ရှဲ၊ ဒါ​ဝိဒ်​ဟူ​၍​ဖြစ်​သ​တည်း။ ရု​သ​ဝတ္ထု​ပြီး​၏။