ရှောလမုန်သီချင်း။ 6:1-7 BCL

1 ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။

2 ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေး၏။ နှင်းတော်၌ ကျက်စားတော်မူ၏။

3 ငါချစ်သောနှမ၊ သင်သည်တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်၏။

4 သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကို အောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။

5 သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှ တက် လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့၊ အမွှာသာ ဘွားတတ်ကြ၏။

6 နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက် နှင့် တူကြ၏။

7 မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။