10 ထိုသူသည်သိုးသို့မဟုတ်ဆိတ်ကိုယဇ်ပူ ဇော်လိုလျှင် ထိုယဇ်ကောင်သည်အပြစ်အနာ ကင်းသည့်သိုးထီးဆိတ်ထီးဖြစ်ရမည်။-
11 သူသည်ယဇ်ကောင်ကိုယဇ်ပလ္လင်၏မြောက်ဘက် တွင်သတ်ရမည်။ ယဇ်ပုရောဟိတ်များသည်ယဇ် ကောင်၏သွေးကို ပလ္လင်ဘေးလေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
12 သူသည်ယဇ်ကောင်ကိုခုတ်ဖြတ်ပြီးနောက် တာဝန် ကျယဇ်ပုရောဟိတ်သည်အသားတစ်၊ ဦးခေါင်း နှင့်အဆီကိုထင်းမီးပေါ်တွင်တင်ရမည်။-
13 သူသည်ဝမ်းတွင်းသားနှင့်နောက်ခြေများကို ရေဆေးရမည်။ ယဇ်ပုရောဟိတ်သည်တစ်ကောင် လုံးကိုပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤ ပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။
14 တစ်စုံတစ်ယောက်သည်ငှက်ကိုယဇ်ပူဇော် လိုလျှင် ငှက်သည်ချိုးငှက်သို့မဟုတ်ခိုဖြစ် ရမည်။-
15 ယဇ်ပုရောဟိတ်သည်ငှက်ကိုပလ္လင်သို့ယူဆောင် ခဲ့၍ လည်ပင်းကိုလိမ်ချိုးပြီးလျှင် ငှက်ဦးခေါင်း ကိုပလ္လင်တွင်မီးရှို့ရမည်။ ငှက်သွေးကိုပလ္လင် ဘေးပေါ်သို့ညှစ်ချရမည်။-
16 ထို့နောက်စလုတ်ရှိအစာနှင့်တကွစလုတ် ကိုထုတ်၍ ပလ္လင်အရှေ့ဘက်ရှိပြာပုံထဲသို့ ပစ်လိုက်ရမည်။-