ဝတ်​ပြု 1:14-17 BCL

14 တစ်​စုံ​တစ်​ယောက်​သည်​ငှက်​ကို​ယဇ်​ပူ​ဇော် လို​လျှင် ငှက်​သည်​ချိုး​ငှက်​သို့​မ​ဟုတ်​ခို​ဖြစ် ရ​မည်။-

15 ယဇ်​ပု​ရော​ဟိတ်​သည်​ငှက်​ကို​ပလ္လင်​သို့​ယူ​ဆောင် ခဲ့​၍ လည်​ပင်း​ကို​လိမ်​ချိုး​ပြီး​လျှင် ငှက်​ဦး​ခေါင်း ကို​ပလ္လင်​တွင်​မီး​ရှို့​ရ​မည်။ ငှက်​သွေး​ကို​ပလ္လင် ဘေး​ပေါ်​သို့​ညှစ်​ချ​ရ​မည်။-

16 ထို့​နောက်​စ​လုတ်​ရှိ​အ​စာ​နှင့်​တ​ကွ​စ​လုတ် ကို​ထုတ်​၍ ပလ္လင်​အ​ရှေ့​ဘက်​ရှိ​ပြာ​ပုံ​ထဲ​သို့ ပစ်​လိုက်​ရ​မည်။-

17 သူ​သည်​အ​တောင်​ပံ​များ​ကို​ကိုင်​၍​ငှက်​ကိုယ် ကို​ဆွဲ​ဖွင့်​ရ​မည်။ သို့​ရာ​တွင်​အ​တောင်​များ​မ ကျွတ်​ထွက်​စေ​ရ။ ထို့​နောက်​တစ်​ကောင်​လုံး​ကို ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။