1-2 ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
3 နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
4 သူသည်နွား၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်သဖြင့် နွားကိုသူ၏အပြစ်ဖြေရာယဇ် အဖြစ်ထာဝရဘုရားလက်ခံတော်မူမည်။-
5 သူသည်ထိုနေရာတွင်နွားကိုသတ်၍ အာရုန် ၏သားများဖြစ်ကြသောယဇ်ပုရောဟိတ်တို့ ကသွေးကို ထာဝရဘုရားအားဆက်သပြီး လျှင် တဲတော်တံခါးဝတွင်ရှိသောယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရ ကြမည်။-
6 ထိုနောက်သူသည်နွားကိုအရေဆုတ်၍ ခုတ် ဖြတ်ရမည်။-
7 ယဇ်ပုရောဟိတ်တို့ကယဇ်ပလ္လင်ပေါ်တွင် ထင်းကိုစီခင်း၍ မီးညှိရမည်။-
8 ထို့နောက်အသားတစ်၊ ဦးခေါင်းနှင့်အဆီကို ထင်းပေါ်တွင်စီတင်ရမည်။-