ဝတ်​ပြု 15:10-16 BCL

10 ထို​သူ​ထိုင်​သော​အ​ရာ​ကို​ကိုင်​တွယ်​မိ​သော သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့် မည်။ ထို​သူ​ထိုင်​မိ​သော​ဝတ္ထု​ပစ္စည်း​ကို​သယ် ဆောင်​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော် ၍​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

11 ရိ​နာ​စွဲ​သော​သူ​သည်​မိ​မိ​၏​လက်​များ​ကို မ​ဆေး​ဘဲ​နှင့် တစ်​စုံ​တစ်​ယောက်​ကို​ထိ​ကိုင် မိ​လျှင် အ​ကိုင်​ခံ​ရ​သော​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

12 ရိ​နာ​စွဲ​သော​သူ​ကိုင်​မိ​သော​မြေ​အိုး​မြေ ခွက်​ကို​ခွဲ​ပစ်​ရ​မည်။ သူ​ကိုင်​မိ​သော​သစ်​သား အိုး​သစ်​သား​ခွက်​ကို​ရေ​နှင့်​ဆေး​ရ​မည်။

13 ထို​သူ​သည်​ရိ​နာ​ပျောက်​ကင်း​ပြီး​နောက် ခု​နစ် ရက်​စောင့်​ဆိုင်း​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍​စမ်း​ရေ​ဖြင့်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​တွင်​သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​လိမ့်​မည်။-

14 အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည် ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင် ခဲ့​၍​ယဇ်​ပု​ရော​ဟိတ်​ထံ​ပေး​အပ်​ရ​မည်။-

15 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက် ငှက်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။

16 ယောကျာ်း​တစ်​ယောက်​သည်​သုက်​ရည်​ယို​လျှင် တစ်​ကိုယ်​လုံး​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-