ဝတ်​ပြု 15:17-25 BCL

17 သုက်​ရည်​ထိ​မိ​သော​အ​ဝတ်​အ​ထည် သို့​မ​ဟုတ် သား​ရေ​ထည်​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​အ​ရာ ဝတ္ထု​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ လိမ့်​မည်။-

18 ယောကျာ်း​နှင့်​မိန်း​မ၊ ကာ​မ​စပ်​ယှက်​ပြီး​လျှင် နှစ်​ဦး​စ​လုံး​ရေ​ချိုး​ရ​မည်။ သူ​တို့​သည်​ည ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။

19 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​လျှင် သူ​သည်​ခု​နစ်​ရက်​မ​သန့်​စင်​ဘဲ​ရှိ လိမ့်​မည်။ သူ့​ကို​ထိ​ကိုင်​မိ​သော​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

20 ရာ​သီ​သွေး​ပေါ်​ချိန်​အ​တွင်း​ထို​အ​မျိုး သ​မီး​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​အိပ် သော​အိပ်​ရာ​တို့​သည်​မ​သန့်​စင်။-

21-23 သူ​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​သူ​အိပ်​သော အိပ်​ရာ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

24 ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​မ​သန့်​စင် သော​ကြောင့် သူ​နှင့်​ကာ​မ​စပ်​ယှက်​သော​ယောကျာ်း သည်​လည်း ခု​နစ်​ရက်​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။ ထို​သူ​၏​အိပ်​ရာ​သည်​လည်း မ​သန့်​စင်။

25 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​ချိန်​မ​ကျ​ဘဲ​နှင့် ရက်​အ​တန်​ကြာ​မျှ သွေး​ဆင်း​လျှင်​သော်​လည်း​ကောင်း၊ ရာ​သီ သွေး​ပေါ်​ချိန်​ကို​လွန်​၍​သွေး​ဆက်​ဆင်း​နေ လျှင်​သော်​လည်း​ကောင်း၊ သူ​သည်​သွေး​မ​ရပ် မ​ချင်း​ရာ​သီ​သွေး​ပေါ်​ချိန်​မှာ​ကဲ့​သို့ မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-