ဝတ်​ပြု 19:15-21 BCL

15 ``အ​မှု​အ​ခင်း​များ​ကို​တ​ရား​မျှ​တ​စွာ​စီ​ရင် ရ​မည်။ ဆင်း​ရဲ​သူ​ဘက်​သို့​မျက်​နှာ​သာ​ပေး​ခြင်း၊ ပစ္စည်း​ချမ်း​သာ​သူ​ဘက်​သို့​မျက်​နှာ​လိုက်​ခြင်း မ​ရှိ​စေ​ရ။-

16 သူ​တစ်​ပါး​အ​သ​ရေ​ပျက်​စေ​သော​စ​ကား ကို​လှည့်​လည်​၍​မ​ပြော​ရ။ သေ​ဒဏ်​ခံ​ထိုက်​သော ပြစ်​မှု​ကို​ကူး​လွန်​သူ​အား​တ​ရား​စီ​ရင်​နေ စဉ် သူ့​ဘက်​က​သက်​သေ​ပြ​နိုင်​လျှင်​ဖော်​ထုတ် ပြော​ဆို​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။

17 ``သူ​တစ်​ပါး​အား​ရန်​ငြိုး​မ​ထား​နှင့်။ သူ့ ကြောင့်​သင်​သည်​အ​ပြစ်​မ​ကူး​လွန်​မိ​စေ ရန် သူ​နှင့်​သ​ဘော​ကွဲ​လွဲ​ချက်​များ​ကို​တွေ့ ဆုံ​ဖြေ​ရှင်း​လော့။-

18 သူ​တစ်​ပါး​အား​လက်​စား​မ​ချေ​ရ။ ရန်​ငြိုး မ​ထား​ရ။ အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။

19 ``ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​လော့။ မျိုး မ​တူ​သော​အိမ်​မွေး​တိ​ရစ္ဆာန်​ချင်း​သား​မ​စပ်​ရ။ လယ်​တစ်​ကွက်​တည်း​တွင်​အ​သီး​အ​နှံ​နှစ်​မျိုး ကို​မ​စိုက်​ပျိုး​ရ။ ချည်​မျှင်​နှစ်​မျိုး​ဖြင့်​ရက် လုပ်​သော​အ​ထည်​ကို​မ​ဝတ်​ဆင်​ရ။

20 ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​ကျွန်​မ ကို​အ​ခြား​တစ်​ယောက်​အား​မ​ယား​ငယ်​အ​ဖြစ် ရောင်း​ရန်​က​တိ​ပေး​ပြီး​နောက် ဝယ်​သူ​က​ထို ကျွန်​မ​အ​တွက်​ငွေ​မ​ပေး​ရ​သေး​မီ​မူ​လ ပိုင်​ရှင်​သည် ကျွန်​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ တို့​နှစ်​ဦး​အား​သေ​ဒဏ်​မ​စီ​ရင်​ရ။ အ​ခြား အ​ပြစ်​ဒဏ်​ကို​သာ​စီ​ရင်​ရ​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​ကျွန်​မ​ကို​သူ​ပိုင်​နေ သေး​သော​ကြောင့်​ဖြစ်​သည်။-

21 သူ​သည်​အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် သိုး​ထီး​တစ်​ကောင်​ကို​ငါ​စံ​တော်​မူ​ရာ​တဲ​တော် တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-