ဝတ်​ပြု 19:1-2-5 BCL

1-2 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောက် ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ကြောင့်​သင်​တို့​သည်​လည်း​သန့်​ရှင်း​ရ​မည်။-

3 လူ​တိုင်း​မိ​ဘ​ကို​ရို​သေ​လေး​စား​ရ​မည်။ ငါ ပ​ညတ်​သည့်​အ​တိုင်း​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း ရ​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

4 ``ငါ့​ကို​ပစ်​ပယ်​၍​ရုပ်​တု​များ​ကို​မ​ကိုး​ကွယ် နှင့်။ သတ္တု​ဖြင့်​သွန်း​လုပ်​သော​ရုပ်​တု​များ​ကို မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

5 ``သင်​တို့​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် သည့်​အ​ခါ ငါ​၏​ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ ပူ​ဇော်​လျှင် ငါ​သည်​ထို​ပူ​ဇော်​သ​ကာ​ကို လက်​ခံ​မည်။-