ဝတ်​ပြု 19:27-33 BCL

27 သေ​သူ​အ​တွက်​ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် ဦး ခေါင်း​ဘေး​ပတ်​လည်​ရှိ​ဆံ​ပင်​ကို​မ​ညှပ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှိ​ရ။-

28 ကိုယ်​ပေါ်​တွင်​ဆေး​မင်​လည်း​မထိုး​ရ။ ကိုယ်​ကို လည်း​မ​လှီး​မ​ရှ​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

29 ``ခါ​နာန်​နတ်​ဘု​ရား​များ​ကို ကိုး​ကွယ်​ရာ​ဌာ​န​နှင့် ဆိုင်​သော​ပြည့်​တန်​ဆာ​များ​အ​ဖြစ် မိ​မိ​သ​မီး များ​ကို​စေ​ခိုင်း​ခြင်း​အား​ဖြင့်​သူ​တို့​၏​အ​သ​ရေ ကို​မ​ပျက်​စေ​နှင့်။ ထို​သို့​ပြု​လျှင်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍​အ​ကျင့်​ပျက် ကုန်​ကြ​လိမ့်​မည်။-

30 ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​၍ ငါ့​အား​ဝတ်​ပြု​ရာ ဌာ​န​တော်​ကို​ရို​သေ​လော့။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။

31 ``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ တို့​ထံ​မှ အ​ကြံ​ဉာဏ်​မ​တောင်း​ခံ​နှင့်။ ထို​သို့​ပြု လျှင်​သင်​တို့​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ ညစ်​ညမ်း​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

32 ``အ​သက်​ကြီး​သူ​တို့​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘုရား​ဖြစ်​တော်​မူ​၏။

33 ``သင်​တို့​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​တို့ ကို​မ​ညှင်း​ဆဲ​ရ။-