ဝတ်​ပြု 2:9-15 BCL

9 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ပူ​ဇော်​သ​ကာ​ကို ယဇ် ပလ္လင်​သို့​ယူ​ဆောင်​ခဲ့​၍ မုန့်​အား​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့် မုန့်​အ​နည်း ငယ်​ကို​ယူ​ပြီး​လျှင်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။-

10 ကျန်​သော​မုန့်​သည် ယဇ်​ပု​ရော​ဟိတ်​များ​သုံး ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို​မုန့်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​သော​မုန့် ထဲ​က​ဖြစ်​သော​ကြောင့်​အ​လွန်​သန့်​ရှင်း​သည်။

11 ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​သ​သော ဘော​ဇဉ်​သ​ကာ​ရှိ​သ​မျှ​တို့​တွင် တ​ဆေး မ​ပါ​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သည့်​ဘော​ဇဉ်​သ​ကာ​တွင် ဘယ်​သော​အ​ခါ မျှ​တ​ဆေး​သို့​မ​ဟုတ်​ပျား​ရည်​မ​ပါ စေ​ရ။-

12 သင်​တို့​နှစ်​စဉ်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သည့် ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်။ သို့​ရာ​တွင်​ယင်း​ကို​ပလ္လင် ပေါ်​တွင်​မီး​မ​ရှို့​ရ။-

13 ဆား​သည်​သင်​တို့​နှင့်​ဘု​ရား​သ​ခင်​ပြု​ထား သော​ပ​ဋိ​ညာဉ်​ကို​ပုံ​ဆောင်​သော​ကြောင့် ဘော ဇဉ်​သ​ကာ​ဟူ​သ​မျှ​တွင်​ဆား​ခတ်​ရ​မည်။ (သင်​တို့​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ တို့​တွင်​ဆား​ခတ်​ရ​မည်။-)

14 သင်​တို့​သည်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ခါ​ဆန်​လှော်​သို့​မ​ဟုတ် ဆန်​မှုန့်​ကို​ပူ​ဇော်​ရ​မည်။-

15 ၎င်း​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့​သာ​ထည့်​ရ​မည်။-