14 ``ယဇ်ပုရောဟိတ်၏မိသားစု၌မပါဝင် သူသည် သန့်ရှင်းသောပူဇော်သကာကိုအမှတ် မဲ့စားမိလျှင် ယဇ်ပုရောဟိတ်အားထိုအစား အစာ၏တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ပေးလျော်ရမည်။-
15-16 ယဇ်ပုရောဟိတ်များသည်သန့်ရှင်းသောပူ ဇော်သကာကိုမစားထိုက်သောသူအားစား စေခြင်းဖြင့် ပူဇော်သကာကိုမညစ်ညမ်းစေ ရ၊ ထိုပူဇော်သကာကိုမစားထိုက်သူသည်စား မိလျှင်အပြစ်ကူးလွန်၍ဒဏ်ခံရမည်။ ငါ သည်ထာဝရဘုရားဖြစ်၏။ ငါသည်ပူဇော် သကာများကိုသန့်ရှင်းစေတော်မူ၏'' ဟု မိန့်တော်မူ၏။
17-18 ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်၊ သူ၏သားများနှင့်ဣသရေလ အမျိုးသားအပေါင်းတို့အားအောက်ပါ ပြဋ္ဌာန်းချက်များကိုချမှတ်ပေးတော်မူ၏။ ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ နိုင်ငံတွင်နေထိုင်သောလူမျိုးခြားဖြစ်စေ၊ ကတိသစ္စာအလျောက်သော်လည်းကောင်း၊ စေ တနာအလျောက်သော်လည်းကောင်းမီးရှို့ ရာယဇ်ကိုပူဇော်သည့်အခါယဇ်ကောင်၌ အနာအဆာမရှိစေရ၊-
19 အနာအဆာကင်းသောယဇ်ကောင်အထီး ကိုသာငါလက်ခံမည်၊-
20 သင်တို့သည်အနာအဆာရှိသောယဇ်ကောင် ကိုပူဇော်လျှင် ငါလက်ခံမည်မဟုတ်၊-
21 တစ်စုံတစ်ယောက်သည်ငါ့အားမိတ်သဟာယ ယဇ်ပူဇော်သည့်အခါ ကတိသစ္စာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ စေတနာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ ငါလက်ခံနိုင်ရန် ယဇ်ကောင်တွင်အနာအဆာကင်းရမည်။-
22 မျက်စိကန်းသောတိရစ္ဆာန်၊ ခြေလက်ပြတ် သောတိရစ္ဆာန်၊ ပြည်ထွက်သောအနာရှိသည့် တိရစ္ဆာန်၊ အရေပြားတွင်ယားနာ၊ ဝဲနာစွဲ သောတိရစ္ဆာန်တို့ကိုပလ္လင်ပေါ်တွင်မီးရှို့ မပူဇော်ရ။-