ဝတ်​ပြု 22:23-30 BCL

23 ပု​ကွ​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ပုံ​ပန်း​မ​ကျ သော​တိ​ရစ္ဆာန်​ကို မိ​မိ​စေ​တ​နာ​အ​လျောက် ပူ​ဇော်​သော​ယဇ်​အ​ဖြစ်​ဆက်​သ​နိုင်​သော် လည်း က​တိ​သစ္စာ​အ​လျောက်​ပူ​ဇော်​သော ယဇ်​အ​ဖြစ်​မ​ဆက်​သ​နိုင်။-

24 ဝှေး​စေ့​များ​ကို​ထု​ချေ​ခြင်း၊ လှီး​ဖြတ်​ခြင်း၊ အ​နာ​တ​ရ​ဖြစ်​ခြင်း၊ စုတ်​ပြတ်​ခြင်း​ခံ​ရ သော​တိ​ရစ္ဆာန်​ကို​ငါ့​အား​မ​ပူ​ဇော်​ရ။ သင် တို့​ပြည်​တွင်​ထို​ကဲ့​သို့​သော​တိ​ရစ္ဆာန်​များ ကို​မ​ပူ​ဇော်​ရ။

25 လူ​မျိုး​ခြား​ထံ​မှ ရ​ရှိ​သော​တိ​ရစ္ဆာန်​ကို ပူ​ဇော်​သကာ​အ​ဖြစ်​မ​ပူ​ဇော်​ရ။ ထို​ကဲ့​သို့ သော​တိ​ရစ္ဆာန်​သည် အ​နာ​အ​ဆာ​ရှိ​သည်​ဟု ယူ​ဆ​ရ​မည်​ဖြစ်​သော​ကြောင့်​ယင်း​ကို​မ​ပူ ဇော်​ရ။

26-27 သိုး၊ နွား၊ ဆိတ်​သား​ပေါက်​များ​ကို မိ​ခင်​နှင့် ခု​နစ်​ရက်​နေ​စေ​ပြီး​မှ​သာ ပူ​ဇော်​သ​ကာ အ​ဖြစ်​ပူ​ဇော်​နိုင်​သည်။-

28 နွား​မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ သိုး မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ ဆိတ်​မ​နှင့် ၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ​တစ်​နေ့​တည်း မ​ပူ​ဇော်​ရ။-

29 သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။-

30 ယဇ်​ကောင်​၏​အ​သား​ကို​နေ့​ချင်း​စား​ရ​မည်။ နက်​ဖြန်​နံ​နက်​အ​ထိ​မ​ကြွင်း​ကျန်​စေ​ရ။