ဝတ်​ပြု 23:19-26-27 BCL

19 ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ် တစ်​နှစ်​သား​သိုး​က​လေး​နှစ်​ကောင် ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

20 ယဇ်​ပု​ရော​ဟိတ်​သည်​မုန့်​နှင့်​သိုး​က​လေး နှစ်​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ တို့​သည်​သန့်​ရှင်း​၏။-

21 ထို​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို​မ​လုပ်​ဘဲ စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။-

22 ကောက်​ရိတ်​သည့်​အ​ခါ​လယ်​ကွက်​အ​နား​တစ် လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​နှင့်၊ ကျန် ကြွင်း​သော​ကောက်​နှံ​များ​ကို​ပြန်​ကျော့​၍​မ ရိတ်​ရ။ ထို​ကောက်​ပင်​အ​ကျန်​အ​ကြွင်း​များ ကို​ဆင်း​ရဲ​သား​နှင့်​လူ​မျိုး​ခြား​တို့​အ​တွက် ချန်​ထား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။

23-24 သတ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်​ကို​အ​ထူး​နား ရက်​အ​ဖြစ်​သတ်​မှတ်​လော့။ ထို​နေ့​၌​တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​လျှင် ဝတ်​ပြု​ကိုး​ကွယ် ရန်​စု​ဝေး​ကြ​လော့။-

25 ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​လော့။ အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ရ။

26-27 နှစ်​စဉ်​သတ္တ​မ​လ၊ ဆယ်​ရက်​နေ့​၌​လူ​အ​ပေါင်း တို့​သည် အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရ​မည်။ ထို နေ့​၌​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ရ။ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု​ဝေး​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ​ရ​မည်။-