ဝတ်​ပြု 23:22-30 BCL

22 ကောက်​ရိတ်​သည့်​အ​ခါ​လယ်​ကွက်​အ​နား​တစ် လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​နှင့်၊ ကျန် ကြွင်း​သော​ကောက်​နှံ​များ​ကို​ပြန်​ကျော့​၍​မ ရိတ်​ရ။ ထို​ကောက်​ပင်​အ​ကျန်​အ​ကြွင်း​များ ကို​ဆင်း​ရဲ​သား​နှင့်​လူ​မျိုး​ခြား​တို့​အ​တွက် ချန်​ထား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။

23-24 သတ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်​ကို​အ​ထူး​နား ရက်​အ​ဖြစ်​သတ်​မှတ်​လော့။ ထို​နေ့​၌​တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​လျှင် ဝတ်​ပြု​ကိုး​ကွယ် ရန်​စု​ဝေး​ကြ​လော့။-

25 ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​လော့။ အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ရ။

26-27 နှစ်​စဉ်​သတ္တ​မ​လ၊ ဆယ်​ရက်​နေ့​၌​လူ​အ​ပေါင်း တို့​သည် အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရ​မည်။ ထို နေ့​၌​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ရ။ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု​ဝေး​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ​ရ​မည်။-

28 ထို​နေ့​သည်​အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။-

29 ထို​နေ့​၌​အ​စား​အ​စာ​တစ်​စုံ​တစ်​ခု​ကို​စား သော​သူ​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ ထုတ်​ပယ်​ရ​မည်။-

30 ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​အား ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​သေ​ဒဏ်​စီ​ရင်​မည်။-