25 ထာဝရဘုရားအားပူဇော်သကာကို ဆက်သလော့။ အသက်မွေးဝမ်းကျောင်း အလုပ်ကိုမလုပ်ရ။
26-27 နှစ်စဉ်သတ္တမလ၊ ဆယ်ရက်နေ့၌လူအပေါင်း တို့သည် အပြစ်ပြေရာဝတ်ကိုပြုရမည်။ ထို နေ့၌မည်သည့်အစားအစာကိုမျှမစားရ။ ဝတ်ပြုကိုးကွယ်ရန်စုဝေး၍ ထာဝရဘုရား အားပူဇော်သကာကိုဆက်သရမည်။-
28 ထိုနေ့သည်အပြစ်ပြေရာဝတ်ကိုပြုရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။-
29 ထိုနေ့၌အစားအစာတစ်စုံတစ်ခုကိုစား သောသူအား ဘုရားသခင်၏လူမျိုးတော်မှ ထုတ်ပယ်ရမည်။-
30 ထိုနေ့၌အလုပ်လုပ်သောသူအား ထာဝရ ဘုရားကိုယ်တော်တိုင်သေဒဏ်စီရင်မည်။-
31 သင်တို့၏အဆက်အနွယ်များသည်မည်သည့် အရပ်တွင်နေထိုင်သည်မဆို ဤပညတ်ကို စောင့်ထိန်းရမည်။-
32 ထိုလကိုးရက်နေဝင်ချိန်မှဆယ်ရက်နေ့နေဝင် ချိန်အထိအထူးနားရက်အဖြစ်သတ်မှတ်ရ မည်။ ထိုရက်အတွင်းမည်သည့်အစားအစာ ကိုမျှမစားရ။