ဝတ်​ပြု 23:30-37 BCL

30 ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​အား ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​သေ​ဒဏ်​စီ​ရင်​မည်။-

31 သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည်​မည်​သည့် အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ​ပ​ညတ်​ကို စောင့်​ထိန်း​ရ​မည်။-

32 ထို​လ​ကိုး​ရက်​နေ​ဝင်​ချိန်​မှ​ဆယ်​ရက်​နေ့​နေ​ဝင် ချိန်​အ​ထိ​အ​ထူး​နား​ရက်​အ​ဖြစ်​သတ်​မှတ်​ရ မည်။ ထို​ရက်​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​မ​စား​ရ။

33-34 သစ်​ခက်​နေ​ပွဲ​တော်​သည်​သတ္တမ​လ၊ တစ်​ဆယ့် ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက်​ပတ်​လုံး ကျင်း​ပ​သော​ပွဲ​တော်​ဖြစ်​သည်။-

35 ပွဲ​တော်​ပ​ထ​မ​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု ဝေး​ရ​ကြ​မည်။-

36 ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​ရ​မည်။ အ​ဋ္ဌ​မ​နေ့​၌​တစ်​ဖန်​ဝတ်​ပြု ကိုး​ကွယ်​ရန်​စု​ဝေး​၍ ပူ​ဇော်​သ​ကာ​ကို​ဆက် သ​ရ​မည်။ ထို​နေ့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။

37 (ဤ​ဘာ​သာ​ရေး​ပွဲ​တော်​များ​တွင် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း နှင့်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​သတ်​မှတ်​သော​နေ့​ရက်​အ​လိုက် ပူ​ဇော်​ခြင်း​ကို​ပြု​လုပ်​ရ​ကြ​မည်။-