ဝတ်​ပြု 23:39-44 BCL

39 သင်​တို့​ကောက်​သိမ်း​ပြီး​သော​အ​ခါ သစ်​ခက်​နေ ပွဲ​တော်​ကို​သတ္တ​မ​လ၊ တစ်​ဆယ့်​ငါး​ရက်​နေ့​မှ အ​စ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ပွဲ​တော်​ပ​ထ​မ​နေ့​ကို​အ​ထူး​နား​ရက်​အ​ဖြစ် သတ်​မှတ်​ရ​မည်။-

40 ထို​နေ့​၌​အ​ကောင်း​ဆုံး​သစ်​သီး​များ၊ စွန် ပ​လွံ​ခက်​များ၊ အ​ရွက်​ဝေ​ဆာ​သော​အ​ကိုင်း အ​ခက်​များ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သော​ပွဲ​တော် ကို​စ​တင်​ကျင်း​ပ​လော့။-

41 ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ် တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။-

42-43 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​သော အ​ခါ​၌​ကိုယ်​တော်​သည် သူ​တို့​အား​သစ်​ခက် တဲ​များ​တွင်​နေ​ထိုင်​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သ​တိ​ရ ကြ​စေ​ခြင်း​ငှာ သင်​တို့​အ​ပေါင်း​သည်​ခု​နစ် ရက်​ပတ်​လုံး​တဲ​များ​၌​နေ​ထိုင်​ရ​မည်။ ကိုယ် တော်​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။

44 သို့​ဖြစ်​၍​မော​ရှေ​သည်​ဤ​နည်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည့်​ပွဲ​တော်​များ​နှင့်​ဆိုင်​သော ပ​ညတ်​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ပြ​ဋ္ဌာန်း​ပေး​လေ​၏။