ဝတ်​ပြု 23:4-11 BCL

4 အောက်​ဖော်​ပြ​ပါ​ပွဲ​တော်​များ​ကို​သတ်​မှတ် သော​အ​ချိန်​အ​ခါ​များ​တွင်​ကျင်း​ပ​ရ​မည် ဖြစ်​ကြောင်း​ကြေ​ညာ​လော့။

5 ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​သည့်​ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​တွင်​စ​တင် ကျင်း​ပ​ရ​မည်။-

6 တစ်​ဆယ့်​ငါး​ရက်​မြောက်​နေ့​တွင်​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​စ​ပြု​သည်​ဖြစ်​၍ သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။-

7 ပွဲ​တော်​ပ​ထ​မ​ရက်​၌​သင်​တို့​သည်​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ အ​သက်​မွေး​ဝမ်း ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။-

8 ခု​နစ်​ရက်​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​ကို​ဆက်​သ​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ နေ့​၌​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​၍​အ​သက်​မွေး ဝမ်း​ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။

9-10 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​သို့​ရောက်​ရှိ​၍ စ​ပါး​ရိတ် သော​အ​ခါ​အ​ဦး​ရိတ်​သော​ကောက်​လှိုင်း​စည်း ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

11 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​စိတ်​တော် နှင့်​တွေ့​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ကောက် လှိုင်း​စည်း​ကို​အ​ထူး​ပူ​ဇော်​သကာ​အ​ဖြစ် ဆက်​သ​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို ပူ​ဇော်​သ​ကာ​ကို ဥ​ပုသ်​နေ့​လွန်​သည့်​နောက် တစ်​နေ့​တွင်​ဆက်​သ​ရ​မည်။-