ဝတ်​ပြု 24:13-19 BCL

13 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

14 ``ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​လော့။ သူ ကျိန်​ဆဲ​ခြင်း​ကို​ကြား​ရ​သူ​တိုင်း​သည်​သူ​၏ ဦး​ခေါင်း​ပေါ်​သို့​လက်​ကို​တင်​၍​ဟုတ်​မှန်​ကြောင်း သက်​သေ​ခံ​ရ​မည်။ ထို့​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က​သူ့​အား​ခဲ​ဖြင့် ပစ်​သတ်​ရ​မည်။-

15 တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​လျှင်​ထို​သူ​သည်​အ​ပြစ်​ကို​ခံ​ရ​မည်။-

16 သူ့​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်​ဟူ​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နေ ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား ကို​ကျိန်​ဆဲ​လျှင်​ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​က ထို​သူ​ကို​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။

17 ``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-

18 သူ​တစ်​ပါး​ပိုင်​သော​တိ​ရစ္ဆာန်​ကို​သတ်​သော သူ​သည်​ပိုင်​ရှင်​အား​အ​စား​လျော်​ပေး​ရ​မည်။ ဤ​ပ​ညတ်​သ​ဘော​မှာ​အ​သက်​အ​တွက် အ​သက်​ကို​အ​စား​ပေး​ခြင်း​ဖြစ်​သည်။

19 ``အ​ခြား​သူ​တစ်​ဦး​အား​ထိ​ခိုက်​နာ​ကျင် စေ​သော​သူ​သည်​ကိုယ်​တိုင်​လည်း​ထို​အ​တိုင်း ခံ​စေ​ရ​မည်။-