ဝတ်​ပြု 24:15-21 BCL

15 တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​လျှင်​ထို​သူ​သည်​အ​ပြစ်​ကို​ခံ​ရ​မည်။-

16 သူ့​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်​ဟူ​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နေ ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား ကို​ကျိန်​ဆဲ​လျှင်​ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​က ထို​သူ​ကို​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။

17 ``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-

18 သူ​တစ်​ပါး​ပိုင်​သော​တိ​ရစ္ဆာန်​ကို​သတ်​သော သူ​သည်​ပိုင်​ရှင်​အား​အ​စား​လျော်​ပေး​ရ​မည်။ ဤ​ပ​ညတ်​သ​ဘော​မှာ​အ​သက်​အ​တွက် အ​သက်​ကို​အ​စား​ပေး​ခြင်း​ဖြစ်​သည်။

19 ``အ​ခြား​သူ​တစ်​ဦး​အား​ထိ​ခိုက်​နာ​ကျင် စေ​သော​သူ​သည်​ကိုယ်​တိုင်​လည်း​ထို​အ​တိုင်း ခံ​စေ​ရ​မည်။-

20 သူ​တစ်​ပါး​၏​အ​ရိုး​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​အ​ရိုး​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​၏​မျက်​လုံး​ကို​ထိုး​ဖောက်​သော​သူ သည်​ကိုယ်​တိုင်​မျက်​လုံး​ဖောက်​ခြင်း​ခံ​ရ​မည်။ သူ​တစ်​ပါး​၏​သွား​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​သွား​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​အား​ထိ​ခိုက်​နာ​ကျင်​စေ​သည့်​ပ​မာ ဏ​အ​တိုင်း​ကိုယ်​တိုင်​ခံ​ရ​မည်။-

21 တိ​ရစ္ဆာန်​ကို​သတ်​သော​သူ​သည်​အ​စား လျော်​ပေး​ရ​မည်။ သို့​ရာ​တွင်​လူ​ကို​သတ် သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-