ဝတ်​ပြု 24:17-23 BCL

17 ``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-

18 သူ​တစ်​ပါး​ပိုင်​သော​တိ​ရစ္ဆာန်​ကို​သတ်​သော သူ​သည်​ပိုင်​ရှင်​အား​အ​စား​လျော်​ပေး​ရ​မည်။ ဤ​ပ​ညတ်​သ​ဘော​မှာ​အ​သက်​အ​တွက် အ​သက်​ကို​အ​စား​ပေး​ခြင်း​ဖြစ်​သည်။

19 ``အ​ခြား​သူ​တစ်​ဦး​အား​ထိ​ခိုက်​နာ​ကျင် စေ​သော​သူ​သည်​ကိုယ်​တိုင်​လည်း​ထို​အ​တိုင်း ခံ​စေ​ရ​မည်။-

20 သူ​တစ်​ပါး​၏​အ​ရိုး​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​အ​ရိုး​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​၏​မျက်​လုံး​ကို​ထိုး​ဖောက်​သော​သူ သည်​ကိုယ်​တိုင်​မျက်​လုံး​ဖောက်​ခြင်း​ခံ​ရ​မည်။ သူ​တစ်​ပါး​၏​သွား​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​သွား​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​အား​ထိ​ခိုက်​နာ​ကျင်​စေ​သည့်​ပ​မာ ဏ​အ​တိုင်း​ကိုယ်​တိုင်​ခံ​ရ​မည်။-

21 တိ​ရစ္ဆာန်​ကို​သတ်​သော​သူ​သည်​အ​စား လျော်​ပေး​ရ​မည်။ သို့​ရာ​တွင်​လူ​ကို​သတ် သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

22 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သော​ကြောင့်​သင်​တို့​နှင့်​တ​ကွ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည်​ဤ​ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

23 မော​ရှေ​သည်​ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​ကြား​သည့်​အ​တိုင်း သူ​တို့​သည် အ​ပြစ်​ကူး​လွန်​သူ​ကို​စ​ခန်း​အ​ပြင်​သို့ ထုတ်​၍​ခဲ​ဖြင့်​ပစ်​ကြ​၏။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​ကြ​၏။