ဝတ်​ပြု 24:1-2-5 BCL

1-2 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​အောက်​ပါ​အ​တိုင်း မိန့်​တော်​မူ​သည်။ တဲ​တော်​ထဲ​ရှိ​မီး​တိုင်​ကို အ​စဉ်​မ​ပြတ်​ထွန်း​ညှိ​ထား​နိုင်​စေ​ရန် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​စစ်​စစ်​ကို​ယူ ခဲ့​ကြ​လော့။-

3 အာ​ရုန်​သည်​တဲ​တော်​တွင်း​အ​လွန်​သန့်​ရှင်း သော​ဌာ​န​တော်​၌​တည်​ရှိ​သည့် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​ရ​မည်။ ထို​မီး​တိုင်​သည်​ရှေ့​တော်​၌​ည​နေ​မှ​နံ​နက် သို့​တိုင်​အောင်​ထွန်း​တောက်​လျက်​ရှိ​စေ​ရ​မည်။ သင်​တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့် ထိန်း​ရ​ကြ​မည်။-

4 အာ​ရုန်​သည်​ရွှေ​မီး​တိုင်​မှ​မီး​ခွက်​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​၍​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​အ​စဉ်​မ​ပြတ်​ထွန်း​တောက်​လျက် ရှိ​စေ​ရ​မည်။

5 မုန့်​ညက်​နှစ်​ဆယ့်​လေး​ပေါင်​ဖြင့်​မုန့်​တစ်​ဆယ့် နှစ်​လုံး​ဖုတ်​လော့။-