ဝတ်​ပြု 25:1-2-5 BCL

1-2 ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ဝင် ရောက်​ကြ​သော​အ​ခါ သတ္တ​မ​နှစ်​ကျ​ရောက် သည့်​အ​ခါ​တိုင်း​လယ်​များ​ကို​မ​ထွန်​မ ယက်​မ​စိုက်​မ​ပျိုး​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မြှောက်​ရ​ကြ မည်။-

3 သင်​တို့​သည်​ခြောက်​နှစ်​မျှ​လယ်​များ​တွင် စိုက်​ပျိုး​ခြင်း၊ စ​ပျစ်​ကိုင်း​များ​ကို​သုတ်​သင် ရှင်း​လင်း​ခြင်း၊ အ​သီး​အ​နှံ​များ​ကို​ရိတ် သိမ်း​ခြင်း​ပြု​ရ​မည်။-

4 သို့​ရာ​တွင်​သတ္တ​မ​နှစ်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သော​နှစ်​ဖြစ်​၍ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှန်​ထား ရ​မည်။ လယ်​များ​တွင်​မ​စိုက်​မ​ပျိုး​ရ။ စပျစ် ကိုင်း​များ​ကို​သုတ်​သင်​ရှင်း​လင်း​ခြင်း​မ ပြု​ရ။-

5 မ​စိုက်​မ​ပျိုး​ရ​ဘဲ​နှင့်​အ​လို​အ​လျောက် သီး​သော​အ​သီး​အ​နှံ​များ​ကို​ပင်​မ​ရိတ် သိမ်း​ရ။ အ​ကိုင်း​အ​ခက်​ကို​မ​သုတ်​သင် မ​ရှင်း​လင်း​ဘဲ​နှင့်​သီး​သော​စ​ပျစ်​သီး များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှပ် ထား​ရ​မည်။-