ဝတ်​ပြု 25:39-45 BCL

39 သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​သည် အ​လွန်​ဆင်း​ရဲ​နွမ်း​ပါး​၍​သင့်​ထံ​တွင် မိ​မိ ကိုယ်​ကို​ကျွန်​အ​ဖြစ်​ဖြင့်​ရောင်း​လျှင် သူ့ အား​ကျွန်​ကဲ့​သို့​မ​စေ​ခိုင်း​ရ။-

40 သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ရောက်​သည်​အ​ထိ သင့်​ထံ​မှာ​သူ​ရင်း​ငှား အ​ဖြစ်​သင်​၏​အ​မှု​ကို​ထမ်း​စေ​ရ​မည်။-

41 ထို​အ​ချိန်​ရောက်​သည့်​အ​ခါ​သူ​နှင့်​သူ​၏​သား သ​မီး​တို့​သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​များ ရှိ​ရာ​ဇာ​တိ​ရပ်​ရွာ​သို့​ပြန်​စေ​ရ​မည်။-

42 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျွန်​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​ကို​ကျွန် ရောင်း​ကျွန်​ဝယ်​မ​ပြု​ရ။-

43 သူ​တို့​အ​ပေါ်​ညှာ​တာ​ထောက်​ထား​သော သ​ဘော​ထား​ရှိ​ရ​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရိုသေ​ရ​မည်။-

44 စေ​ခိုင်း​ရန်​ကျွန်​လို​လျှင်​သင်​တို့​၏​ပတ်​ဝန်း ကျင်​နိုင်​ငံ​များ​မှ​ကျွန်​များ​ကို​ဝယ်​ယူ​လော့။-

45 သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​၏​သား​သ​မီး​များ​ကို​လည်း​ဝယ်​ယူ​နိုင် သည်။ သင်​တို့​၏​ပြည်​တွင်​မွေး​ဖွား​သော​ယင်း က​လေး​များ​ကို​သင်​တို့​ဝယ်​ယူ​နိုင်​သည်။-