ဝတ်​ပြု 25:45-51-53 BCL

45 သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​၏​သား​သ​မီး​များ​ကို​လည်း​ဝယ်​ယူ​နိုင် သည်။ သင်​တို့​၏​ပြည်​တွင်​မွေး​ဖွား​သော​ယင်း က​လေး​များ​ကို​သင်​တို့​ဝယ်​ယူ​နိုင်​သည်။-

46 သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။

47 အ​ကယ်​၍​ဆင်း​ရဲ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ဦး​သည် သင်​တို့​နှင့်​အ​တူ​နေ​ထိုင် သည့်​လူ​မျိုး​ခြား​တစ်​ဦး​သို့​မ​ဟုတ်​သူ​၏ မိ​သား​စု​တစ်​ဦး​ထံ​တွင် မိ​မိ​ကိုယ်​ကို​ကျွန် အ​ဖြစ်​ရောင်း​ခဲ့​သည်​ရှိ​သော်၊-

48 သူ့​ကို​ပြန်​၍​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​သည်။ သူ​၏​ညီ အစ်​ကို​တစ်​ဦး​က​သော်​လည်း​ကောင်း၊-

49 ဦး​ကြီး​ဦး​လေး​က​သော်​လည်း​ကောင်း၊ ညီ​အစ် ကို​ဝမ်း​ကွဲ​က​သော်​လည်း​ကောင်း၊ နီး​စပ်​သူ​ဆွေ​မျိုး တစ်​ဦး​က​သော်​လည်း​ကောင်း​သူ့​အား​ပြန်​၍​ဝယ် ယူ​နိုင်​သည်။ သို့​တည်း​မ​ဟုတ်​သူ​ကိုယ်​တိုင်​ငွေ ကြေး​တတ်​နိုင်​လျှင်​မိ​မိ​ကိုယ်​ကို​ဝယ်​ယူ​နိုင် သည်။-

50 မိ​မိ​အား​ဝယ်​ယူ​သူ​နှင့်​ညှိ​နှိုင်း​ပြီး​လျှင် မိ​မိ​ကိုယ်​ကို​မိ​မိ​ရောင်း​သည့်​နှစ်​မှ​အ​စ ပြု​၍ ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​အ​ထိ မိ​မိ​ရ​မည့်​သူ​ရင်း​ငှား​ခ အ​ပေါ်​မူ​တည်​၍​အ​ဖိုး​အ​ခ​ကို​သတ်​မှတ် ရ​မည်။-

51-53 မိ​မိ​အား​တစ်​နှစ်​ပြီး​တစ်​နှစ်​ခန့်​သည့်​အ​နေ ဖြင့် ကျန်​သေး​သော​နှစ်​များ​ကို​တွက်​၍ မိ​မိ​ကိုယ် ကို​ရောင်း​သည့်​တန်​ဖိုး​၏​တစ်​စိတ်​တစ်​ဒေ​သ ကို​ပြန်​အမ်း​ရ​မည်။ သူ့​သ​ခင်​သည်​သူ့​အ​ပေါ် ညှာ​တာ​သော​သ​ဘော​ထား​ရှိ​ရ​မည်။-