1-2 ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့ စောင့်ထိန်းရန်ပေးအပ် သည့်ပြဋ္ဌာန်းချက်များမှာအောက်ပါအတိုင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားကတိသစ္စာပြု၍ မိမိကိုယ်ကို ဆက်ကပ်ပူဇော်လျှင် သူသည်အောက်တွင်ဖော် ပြပါငွေများကို၊-
3-7 ကျပ်စံတော်အရပေးဆောင်၍ မိမိကိုယ်ကို ရွေးယူနိုင်သည်။-အသက်နှစ်ဆယ်မှခြောက်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားငါးဆယ်ကျပ်-မိန်းမဖြစ်လျှင်ငွေသားသုံးဆယ်ကျပ်-အသက်ငါးနှစ်မှနှစ်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားနှစ်ဆယ်ကျပ်-မိန်းမဖြစ်လျှင်ငွေသားတစ်ဆယ်ကျပ်-အသက်ငါးနှစ်အောက်ယောကျာ်းကလေးဖြစ်လျှင် ငွေသားငါးကျပ်-အသက်ငါးနှစ်အောက်မိန်းကလေးဖြစ်လျှင် ငွေသားသုံးကျပ်-အသက်ခြောက်ဆယ်ကျော်ယောကျာ်းဖြစ်လျှင် ငွေသားတစ်ဆယ့်ငါးကျပ်-အသက်ခြောက်ဆယ်ကျော်မိန်းမဖြစ်လျှင် ငွေသားတစ်ဆယ်ကျပ်
8 ကတိသစ္စာပြု၍မိမိကိုယ်မိမိဆက်ကပ် ပူဇော်သောသူသည် သတ်မှတ်ထားသောငွေကို မပေးနိုင်လျှင် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည်ထို သူပေးဆောင်နိုင်စွမ်းရှိသည့်အတိုင်း တန်ဖိုး ငွေကိုလျော့၍သတ်မှတ်ရမည်။
9 ထာဝရဘုရားအားပူဇော်ရန် သင့်တော်သည့် တိရစ္ဆာန်ကိုဆက်သမည်ဟုသစ္စာကတိပြု ထားလျှင် ထိုသို့သောယဇ်ကောင်သည်သန့်ရှင်း သည်ဖြစ်၍၊-