ဝတ်​ပြု 3:1-6 BCL

1 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နွား​တစ်​ကောင် ကို​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် ထို​နွား​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး သို့​မ​ဟုတ်​နွား​မ​ဖြစ်​ရ​မည်။-

2 ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​၌ နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ကို​တင်​၍​နွား​ကို​သတ်​ရ​မည်။ အာ​ရုန်​၏​သား များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ပလ္လင်​၏​ဘေး​လေး​ဘက် စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

3-4 ထို့​နောက်​နွား​၏​ဝမ်း​တွင်း​သား​များ​ရှိ​သ​မျှ အ​ဆီ၊ ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့​ကို​ထာ ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။-

5 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယင်း​တို့​ကို​မီး​ရှို့​ရာ ယဇ်​နှင့်​အ​တူ​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။

6 သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် အ​ပြစ်​အ​နာ​ကင်း သော​အ​ထီး​ကို​ဖြစ်​စေ​အ​မ​ကို​ဖြစ်​စေ​ပူ ဇော်​ရ​မည်။-