ဝတ်​ပြု 4:11-17 BCL

11 နွား​အ​ရေ​ခွံ၊ အ​သား​ရှိ​သ​မျှ၊ ဦး​ခေါင်း၊ ခြေ ထောက်​များ၊ ဝမ်း​တွင်း​သား​နှင့်​တ​ကွ​အူ​တို့ ကို​မူ​ကား၊-

12 တပ်​စ​ခန်း​အ​ပြင်​သို့​ယူ​ဆောင်​၍​ပြာ​သွန်​ရာ သန့်​ရှင်း​သော​နေ​ရာ​တွင်​ထင်း​မီး​ပုံ​၌​မီး​ရှို့ ရ​မည်။

13 အ​ကယ်​၍​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး ကို အ​မှတ်​မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ် ကူး​လွန်​ခဲ့​သည်​ရှိ​သော်၊-

14 ပြစ်​မှား​ကြောင်း​သိ​လျှင်​သိ​ချင်း​နွား​ထီး​ငယ် ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​ရ မည်။ သူ​တို့​သည်​ထို​နွား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

15 ထို​နောက်​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​များ​ကို​တင် ၍​နွား​ကို​သတ်​ရ​မည်။-

16 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နွား​သွေး​အ​နည်း ငယ်​ကို တဲ​တော်​ထဲ​သို့​ယူ​ဆောင်​သွား​ပြီး​လျှင်၊-

17 သူ​၏​လက်​ချောင်း​ကို​သွေး​ထဲ​၌​နှစ်​၍​သွေး ကို ကန့်​လန့်​ကာ​ရှေ့​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-