ဝတ်​ပြု 4:17-23 BCL

17 သူ​၏​လက်​ချောင်း​ကို​သွေး​ထဲ​၌​နှစ်​၍​သွေး ကို ကန့်​လန့်​ကာ​ရှေ့​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-

18 တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက်​တို့​တွင် နွား​သွေး အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား သွေး​ကို​တဲ​တော်​တံ​ခါး​ဝ​၌​ရှိ​သော​မီး​ရှို့ ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင်​လောင်း​ရ​မည်။-

19 ထို့​နောက်​သူ​သည်​နွား​မှ​အ​ဆီ​ရှိ​သ​မျှ​ကို ယူ​၍ ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

20 သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နွား​ကို ပူ​ဇော်​သည့်​နည်း​စံ​နစ်​အ​တိုင်း ယဇ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော ဟိတ်​သည် လူ​တို့​၏​အ​ပြစ်​အ​တွက်​ယဇ်​ကောင် ကို​ပူ​ဇော်​သ​ဖြင့် လူ​တို့​သည်​အ​ပြစ်​လွတ်​ကြ လိမ့်​မည်။-

21 ထို​နောက်​သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​တွက် ပူ​ဇော်​သော​နွား​ကို​တပ်​စ​ခန်း​အ​ပြင်​တွင် မီး​ရှို့​သည့်​နည်း​တူ ဤ​နွား​ကို​လည်း​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​ရ​မည်။ ထို​ယဇ်​ပူ​ဇော်​နည်း သည်​တစ်​မျိုး​လုံး​၏​အပြစ်​ပြေ​စေ​ရန်​အ​တွက် ဖြစ်​သ​တည်း။

22 အ​ကယ်​၍​အုပ်​ချုပ်​သော​မင်း​သည်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို အ​မှတ် မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ်​ကူး​လွန် ခဲ့​သည်​ရှိ​သော်၊-

23 မိ​မိ​၏​အ​ပြစ်​ကို​သိ​လျှင်​အ​ပြစ်​အ​နာ​ကင်း သော​ဆိတ်​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​ရန် ယူ​ဆောင်​ခဲ့​ရ​မည်။-