ဝတ်​ပြု 4:22-28 BCL

22 အ​ကယ်​၍​အုပ်​ချုပ်​သော​မင်း​သည်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို အ​မှတ် မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ်​ကူး​လွန် ခဲ့​သည်​ရှိ​သော်၊-

23 မိ​မိ​၏​အ​ပြစ်​ကို​သိ​လျှင်​အ​ပြစ်​အ​နာ​ကင်း သော​ဆိတ်​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​ရန် ယူ​ဆောင်​ခဲ့​ရ​မည်။-

24 ထို​သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို​သတ်​သည့်​နေ​ရာ​၌ ဆိတ် ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို သတ်​ရ​မည်။ ဤ​ယဇ်​ပူ​ဇော်​ခြင်း​သည်​အ​ပြစ် ပြေ​စေ​ရန်​အ​တွက်​ဖြစ်​၏။-

25 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို သွေး​ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ အ​တက်​တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော သွေး​ကို​ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ ရ​မည်။-

26 ထို​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​၏ အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ကဲ့​သို့ ဆိတ်​အ​ဆီ ရှိ​သ​မျှ​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည် အုပ်​ချုပ်​သော​မင်း​၏​အ​ပြစ်​အ​တွက်​ပူ​ဇော် သ​ဖြင့်​ထို​မင်း​အ​ပြစ်​လွတ်​လိမ့်​မည်။

27 အ​ကယ်​၍​သာ​မန်​လူ​တစ်​ဦး​သည်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို အ​မှတ် မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ်​ကူး​လွန် ခဲ့​သည်​ရှိ​သော်၊-

28 မိ​မိ​၏​အ​ပြစ်​ကို​သိ​လျှင်​သိ​ချင်း အ​ပြစ် အ​နာ​ကင်း​သော​ဆိတ်​မ​တစ်​ကောင်​ကို ယဇ် ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ​မည်။-