ဝတ်​ပြု 4:28-34 BCL

28 မိ​မိ​၏​အ​ပြစ်​ကို​သိ​လျှင်​သိ​ချင်း အ​ပြစ် အ​နာ​ကင်း​သော​ဆိတ်​မ​တစ်​ကောင်​ကို ယဇ် ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ​မည်။-

29 သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ ယဇ်​ကောင်​များ​သတ်​သည့်​နေ​ရာ​၌ ဆိတ်​၏​ဦး ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို​သတ် ရ​မည်။-

30 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ရ​မည်။-

31 ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ ဆိတ်​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သာ​မန် လူ​တစ်​ဦး​၏​အ​ပြစ်​အ​တွက်​ယဇ်​ပူ​ဇော် သဖြင့်​ထို​သူ​အ​ပြစ်​လွတ်​လိမ့်​မည်။

32 အ​ကယ်​၍​လူ​တစ်​ဦး​သည်​အ​ပြစ်​ပြေ​ရာ​ယဇ် အ​ဖြစ်​သိုး​ကို​ယူ​ဆောင်​ခဲ့​လျှင် သိုး​သည် အ​ပြစ်​အ​နာ​ကင်း​သော​သိုး​မ​ဖြစ်​ရ​မည်။-

33 သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ ယဇ်​ကောင်​များ​သတ်​သည့်​နေ​ရာ​၌ သိုး​၏​ဦး ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​သိုး​ကို​သတ် ရ​မည်။-

34 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ​ရ​မည်။-