ဝတ်​ပြု 4:8-14 BCL

8 ထို​နောက်​သူ​သည်​နွား​အ​ထီး​၏​ရှိ​သ​မျှ ဝမ်း​တွင်း​သား​မှ​အ​ဆီ၊-

9 ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​ကို​ယူ​ရ​မည်။-

10 ယဇ်​ပု​ရော​ဟိတ်​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော် ရာ​၌​ယဇ်​ကောင်​၏​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ကဲ့ သို့ ထို​နွား​မှ​အ​ဆီ​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။-

11 နွား​အ​ရေ​ခွံ၊ အ​သား​ရှိ​သ​မျှ၊ ဦး​ခေါင်း၊ ခြေ ထောက်​များ၊ ဝမ်း​တွင်း​သား​နှင့်​တ​ကွ​အူ​တို့ ကို​မူ​ကား၊-

12 တပ်​စ​ခန်း​အ​ပြင်​သို့​ယူ​ဆောင်​၍​ပြာ​သွန်​ရာ သန့်​ရှင်း​သော​နေ​ရာ​တွင်​ထင်း​မီး​ပုံ​၌​မီး​ရှို့ ရ​မည်။

13 အ​ကယ်​၍​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး ကို အ​မှတ်​မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ် ကူး​လွန်​ခဲ့​သည်​ရှိ​သော်၊-

14 ပြစ်​မှား​ကြောင်း​သိ​လျှင်​သိ​ချင်း​နွား​ထီး​ငယ် ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​ရ မည်။ သူ​တို့​သည်​ထို​နွား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-