ဝတ်​ပြု 6:16-17-24-25 BCL

16-17 ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။-

18 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယောကျာ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ဘော​ဇဉ် သ​ကာ​မှ​ဝေ​စု​ကို​ထာ​ဝ​စဉ်​စား​သုံး​စေ​ရ မည်။ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​က ထို ဘော​ဇဉ်​သ​ကာ​ကို​ထိ​ကိုင်​မိ​လျှင် ထို​ဘော​ဇဉ် ၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့် မည်။

19-20 ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​၏​အ​ဆက် အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​သိက္ခာ​တင် ခြင်း​နှင့်​ပတ်​သက်​၍ အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​ကို​သိက္ခာ​တင်​သော​နေ့​၌ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​ညက်​နှစ် ပေါင် (နေ့​စဉ်​ပူ​ဇော်​သော​ဘော​ဇဉ်​အချင်​အ​တွယ် အ​တိုင်း) ကို​နံ​နက်​တစ်​ပေါင်​ည​နေ​တစ်​ပေါင် ပူ​ဇော်​ရ​မည်။-

21 မုန့်​ညက်​ကို​ဆီ​ရော​၍​သံ​အိုး​ကင်း​ပေါ်​တွင် ဖုတ်​ရ​မည်။ ထို​နောက်​မုန့်​ကို​ချေ​၍ ဘော​ဇဉ် သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။-

22 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ယဇ်​ပု​ရော ဟိတ်​မင်း​အ​ဖြစ်​အ​မှု​တော်​ဆောင်​ရွက်​ရ​သူ တိုင်း​သည် ထို​ပူ​ဇော်​သ​ကာ​ကို​အ​စဉ်​ဆက်​သ ရ​မည်။ ဤ​ပြ​ဋ္ဌာန်း​ချက်​ကို​ထာ​ဝ​စဉ်​လိုက်​နာ ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ထို ဘော​ဇဉ်​သ​ကာ​ကို​အ​ကုန်​အ​စင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။-

23 ယဇ်​ပု​ရော​ဟိတ်​ပူ​ဇော်​သော​ဘော​ဇဉ်​သ​ကာ ကို​မည်​သူ​မျှ​မ​စား​ရ။ မုန့်​အား​လုံး​ကို​မီး ရှို့​ရ​မည်။

24-25 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​နှင့်​ဆိုင်​သော အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်၊ အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယဇ်​ပလ္လင် ၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​နေ​ရာ​တွင် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကို​သတ်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​သည်​အ​လွန် သန့်​ရှင်း​၏။-