21 ထိုအပြင်တစ်စုံတစ်ယောက်သည်လူမှဖြစ် စေ၊ တိရစ္ဆာန်မှဖြစ်စေ၊ ဘာသာရေးထုံးနည်း အရမသန့်စင်သောအရာတစ်စုံတစ်ခုနှင့် ထိမိပြီးမှ ထိုယဇ်ကောင်၏အသားကိုစား လျှင် ထိုသူသည်ထာဝရဘုရား၏လူမျိုး တော်မှပယ်ထုတ်ခြင်းခံရမည်။
22-23 ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အတွက် အောက်ပါပြဋ္ဌာန်းချက်များကို မောရှေအားဖြင့်ချမှတ်ပေးတော်မူ၏။ သိုး၊ ဆိတ်၊ နွားတို့၏အဆီကိုမစားရ။-
24 သဘာဝအလျောက်သေသောတိရစ္ဆာန်၏ အဆီ၊ သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အဆီကိုမစားရ။ သို့ရာ တွင်ထိုအဆီကိုအခြားကိစ္စများအတွက် အသုံးပြုနိုင်သည်။-
25 ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် သောယဇ်ကောင်၏အဆီကိုစားသောသူ သည် ထာဝရဘုရား၏လူမျိုးတော်မှ ပယ်ထုတ်ခြင်းခံရမည်။-
26 ဣသရေလအမျိုးသားတို့သည်မည်သည့် အရပ်၌နေထိုင်သည်မဆို ငှက်၏သွေးသို့ မဟုတ်တိရစ္ဆာန်၏သွေးကိုမစားရ။-
27 ဤပညတ်ကိုချိုးဖောက်သောသူသည် ထာဝရ ဘုရား၏လူမျိုးတော်မှပယ်ထုတ်ခြင်းခံရ မည်။
28-29 တစ်ဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့အတွက် အောက်ပါပြဋ္ဌာန်း ချက်များကိုမောရှေမှတစ်ဆင့်ချမှတ်ပေး တော်မူ၏။ ထာဝရဘုရားအားမိတ်သဟာယ ယဇ်ကိုပူဇော်သောသူသည် ယဇ်ကောင်၏ အစိတ်အပိုင်းအချို့ကိုထာဝရဘုရား အတွက်အထူးလှူဖွယ်အဖြစ်၊-