27 ဤပညတ်ကိုချိုးဖောက်သောသူသည် ထာဝရ ဘုရား၏လူမျိုးတော်မှပယ်ထုတ်ခြင်းခံရ မည်။
28-29 တစ်ဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့အတွက် အောက်ပါပြဋ္ဌာန်း ချက်များကိုမောရှေမှတစ်ဆင့်ချမှတ်ပေး တော်မူ၏။ ထာဝရဘုရားအားမိတ်သဟာယ ယဇ်ကိုပူဇော်သောသူသည် ယဇ်ကောင်၏ အစိတ်အပိုင်းအချို့ကိုထာဝရဘုရား အတွက်အထူးလှူဖွယ်အဖြစ်၊-
30 မီးရှို့ရာယဇ်ပူဇော်သကာအနေနှင့် မိမိ လက်နှင့်ကိုယ်တိုင်ယူဆောင်ခဲ့ရမည်။ သူသည် ယဇ်ကောင်၏အဆီနှင့်တကွရင်ပုံသားကို ထာဝရဘုရားအတွက် အထူးပူဇော် သကာအဖြစ်ယူဆောင်ခဲ့ရမည်။-
31 ယဇ်ပုရောဟိတ်သည်အဆီကိုယဇ်ပလ္လင်ပေါ် တွင် မီးရှို့ပူဇော်ရမည်။ သို့ရာတွင်ရင်ပုံသား သည် ယဇ်ပုရောဟိတ်များစားသုံးရန်အတွက် ဖြစ်သည်။-
32-33 မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီ ကို ပူဇော်သောယဇ်ပုရောဟိတ်အား ယဇ်ကောင် ၏လက်ယာပေါင်ကိုအထူးလှူဖွယ်အဖြစ် ပေးရမည်။-
34 ယဇ်ကောင်၏ရင်ပုံသားနှင့်လက်ယာပေါင်တို့ သည် ထာဝရဘုရားကဣသရေလအမျိုး သားတို့ထံမှ ယဇ်ပုရောဟိတ်များအား အထူးလှူဖွယ်အဖြစ်သတ်မှတ်ပေးသော ဝေစုဖြစ်သည်။ ဣသရေလအမျိုးသားတို့ သည် ထိုဝေစုကိုယဇ်ပုရောဟိတ်တို့အား ထာဝစဉ်လှူဒါန်းရမည်။-
35 ဤဝေစုသည်အာရုန်နှင့်သူ၏သားတို့ယဇ် ပုရောဟိတ်များအဖြစ် သိက္ခာခံယူသည့်နေ့ ၌ထာဝရဘုရားအားပူဇော်သောယဇ် ကောင်မှရရှိခဲ့သောဝေစုဖြစ်သည်။-