17 မာနော်ကလည်းသင်၏နာမည်ကိုအကျွန်ုပ် သိပါရစေ။ သို့မှသာလျှင်သင်ပြောဆိုသည့် စကားများမှန်ကန်လာသောအခါ သင့်အား အကျွန်ုပ်တို့ဂုဏ်ပြုနိုင်ပါလိမ့်မည်'' ဟုပြန် ပြော၏။
18 ကောင်းကင်တမန်က``ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း။ ယင်းမှာအံ့သြဖွယ် ကောင်းသည့်နာမဖြစ်၏'' ဟုဆို၏။
19 သို့ဖြစ်၍မာနော်သည်ဆိတ်ငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ကျောက်ယဇ်ပလ္လင်ပေါ် တွင်တင်ပြီးလျှင် အံ့သြဖွယ်အမှုတို့ကိုပြု တော်မူသောထာဝရဘုရားအားပူဇော် လေ၏။-
20-21 ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။
22 မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။
23 သို့ရာတွင်ဇနီးဖြစ်သူက``အကယ်၍ထာဝရ ဘုရားသည်ငါတို့ကိုသေစေလိုသည်ဆိုပါမူ ငါတို့၏ပူဇော်သကာများကိုလက်ခံတော်မူ မည်မဟုတ်။ ဤသို့သောစကားတို့ကိုလည်းဤ အချိန်အခါ၌မိန့်တော်မူမည်မဟုတ်'' ဟု ပြန်ပြောလေသည်။
24 ထိုအမျိုးသမီးသည်သားယောကျာ်းကို ဖွားမြင်၍ သူငယ်အားရှံဆုန်ဟူသောအမည် ဖြင့်မှည့်၏။ ကလေးငယ်သည်လည်းကြီးပြင်း လာရာဘုရားသခင်သည်သူ့အားကောင်း ချီးပေးတော်မူ၏။-