သူ​ကြီး 13:20-21-25 BCL

20-21 ယဇ်​ပလ္လင်​မှ​မီးလျှံ​များ​အ​ထက်​သို့​တက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​မီး လျှံ​ထဲ​မှ​နေ​၍ ကောင်း​ကင်​ဘုံ​သို့​တက်​သွား​သည် ကို​မာ​နော်​တို့​ဇ​နီး​မောင်​နှံ​တွေ့​မြင်​ရ​ကြ​လေ သည်။ ထို​အ​ခါ​ကျ​မှ​ထို​သူ​သည်​ကောင်း​ကင် တ​မန်​ဖြစ်​ကြောင်း​ကို​မာ​နော်​သိ​ရှိ​ရ​သ​တည်း။ သို့​ဖြစ်​၍​သူ​တို့​ဇ​နီး​မောင်​နှံ​နှစ်​ယောက်​သည် မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​ကြ​၏။ ထို​ကောင်း​ကင် တ​မန်​ကို​မူ​ကား​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​သူ​တို့​မ​တွေ့​မ​မြင်​ရ​ကြ​တော့​ချေ။

22 မာ​နော်​က​မိ​မိ​၏​ဇနီး​အား``ငါ​တို့​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​ပြီ​ဖြစ်​၍​အ​မှန် ပင်​သေ​ရ​ကြ​ပေ​တော့​အံ့'' ဟု​ဆို​၏။

23 သို့​ရာ​တွင်​ဇ​နီး​ဖြစ်​သူ​က``အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​သေ​စေ​လို​သည်​ဆို​ပါ​မူ ငါ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​လက်​ခံ​တော်​မူ မည်​မ​ဟုတ်။ ဤ​သို့​သော​စ​ကား​တို့​ကို​လည်း​ဤ အ​ချိန်​အ​ခါ​၌​မိန့်​တော်​မူ​မည်​မ​ဟုတ်'' ဟု ပြန်​ပြော​လေ​သည်။

24 ထို​အ​မျိုး​သ​မီး​သည်​သား​ယောကျာ်း​ကို ဖွား​မြင်​၍ သူ​ငယ်​အား​ရှံ​ဆုန်​ဟူ​သော​အ​မည် ဖြင့်​မှည့်​၏။ က​လေး​ငယ်​သည်​လည်း​ကြီး​ပြင်း လာ​ရာ​ဘု​ရား​သ​ခင်​သည်​သူ့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။-

25 သူ​ငယ်​သည်​ဇော​ရာ​မြို့​နှင့်​ရှေ​တော​လ​မြို့ စပ်​ကြား​ဒန်​တပ်​စ​ခန်း​၌​ရှိ​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား​စ​တင် ၍​ခွန်​အား​ကြီး​မား​လာ​စေ​တော်​မူ​သည်။