သူ​ကြီး 13:5-11 BCL

5 သင်​သည်​သား​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏ ဆံ​ပင်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​ရိတ်​နှင့်။ အ ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​ငယ်​သည်​မိ​မိ ဖွား​မြင်​ချိန်​မှ​စ​၍​နာ​ဇ​ရိ​ဂိုဏ်း​ဝင် အ​ဖြစ်​ဖြင့်​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သော​ကြောင့်​တည်း။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​မှ ကယ်​ဆယ်​ခြင်း​ကို​အ​စ​ပြု​လိမ့်​မည်'' ဟု ဆို​၏။

6 ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​ခင် ပွန်း​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင်​၏​စေ​တ​မန် တော်​သည်​ကျွန်​မ​ထံ​သို့​လာ​ပါ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့​ပင် ကြောက်​မက်​ဖွယ်​ရာ​အ​ဆင်း​ကို​ဆောင်​ပါ​၏။ ကျွန်​မ​သည်​သူ့​အား`သင်​အ​ဘယ်​အ​ရပ်​မှ လာ​သ​နည်း' ဟူ​၍​မ​မေး​ပါ။ သူ​က​လည်း သူ​၏​နာ​မည်​ကို​ကျွန်​မ​အား​မ​ပြော​ပါ။-

7 သို့​ရာ​တွင်​ကျွန်​မ​သည်​ကိုယ်​ဝန်​ဆောင်​၍ သား​ယောကျာ်း​ကို​ဖွား​မြင်​မည်​ဖြစ်​ကြောင်း ကို​မူ ဧ​ကန်​အ​မှန်​ပင်​ကျွန်​မ​အား​သူ​ပြော ပါ​၏။ က​လေး​သူ​ငယ်​သည်​အ​သက်​ရှင်​သ မျှ​ကာ​လ​ပတ်​လုံး​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား​သူ ဖြစ်​မည်​ဖြစ်​၍ ကျွန်​မ​အား​စ​ပျစ်​ရည်​ကို သော်​လည်း​ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော် လည်း​ကောင်း​မ​သောက်​ရန်​နှင့် တား​မြစ်​ထား သည့်​အစား​အ​စာ​မှန်​သ​မျှ​ကို​ရှောင်​ကြဉ် ရန်​ပြော​ပါ​သည်'' ဟု​ဆို​လေ​သည်။

8 ထို​အ​ခါ​မာ​နော်​သည်``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စေ​လွှတ်​ခဲ့​သူ​အား​ကျေး​ဇူး​ပြု​၍ အ​ကျွန်ုပ်​တို့​ထံ​သို့​တစ်​ဖန်​ပြန်​လည်​စေ​လွှတ် ပေး​တော်​မူ​၍ သား​ငယ်​မွေး​ဖွား​လာ​သော အ​ခါ​သူ့​အား​အကျွန်ုပ်​တို့​အ​ဘယ်​သို့​ပြု ကြ​ရ​မည်​ကို​လည်း​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။

9 ဘု​ရား​သ​ခင်​သည်​လည်း​မာ​နော်​တောင်း လျှောက်​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် ကိုယ် တော်​၏​ကောင်း​ကင်​တ​မန်​သည်​လယ်​ထဲ​၌ ထိုင်​နေ​သော​အ​မျိုး​သ​မီး​ထံ​သို့​ပြန်​လာ လေ​သည်။ ထို​အ​ခါ​၌​သူ​၏​ခင်​ပွန်း မာ​နော်​မှာ​သူ​နှင့်​အ​တူ​မ​ရှိ​ချေ။-

10 သို့​ဖြစ်​၍​သူ​သည်​ချက်​ချင်း​ပြေး​၍​မိ​မိ​၏ ခင်​ပွန်း​အား``တစ်​နေ့​က​ကျွန်​မ​ထံ​သို့​လာ သူ​သည်​ယ​ခု​ပြန်​လည်​ရောက်​ရှိ​နေ​ပါ​ပြီ'' ဟု​ပြော​၏။

11 မာ​နော်​သည်​လည်း​ထ​၍​မိ​မိ​ဇနီး​နောက်​သို့ လိုက်​သွား​ပြီး​လျှင်​သူ့​အား``သင်​သည်​အ​ကျွန်ုပ် ၏​ဇ​နီး​နှင့်​စ​ကား​ပြော​ခဲ့​သူ​မှန်​ပါ​သ​လော'' ဟု​မေး​၏။``မှန်​ပါ​သည်'' ဟု​ထို​သူ​က​ဆို​၏။