သူ​ကြီး 14:1-4 BCL

1 တစ်​နေ့​သ​၌​ရှံ​ဆုန်​သည်​တိ​မ​န​မြို့​သို့​ရောက် ရှိ​သွား​ရာ ထို​မြို့​တွင်​ဖိ​လိတ္တိ​အ​မျိုး​သ​မီး က​လေး​တစ်​ဦး​ကို​တွေ့​မြင်​လေ​သည်။-

2 သူ​သည်​အိမ်​သို့​ပြန်​ပြီး​လျှင်​မိ​မိ​၏​မိ​ဘ​တို့ အား``တိ​မ​န​မြို့​တွင်​ကျွန်​တော်​သ​ဘော​ကျ သော​မိန်း​က​လေး​တစ်​ယောက်​ရှိ​ပါ​သည်။ သူ နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့်​သူ့​အား တောင်း​ရမ်း​ပေး​ကြ​ပါ'' ဟု​ပြော​၏။

3 သို့​ရာ​တွင်​သူ​၏​မိ​ဘ​တို့​က``သင်​သည်​မိန်း​မ တစ်​ယောက်​ရ​ရှိ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ သို့​အ​ဘယ်​ကြောင့်​သွား​ရ​ပါ​မည်​နည်း။ ငါ တို့​အ​မျိုး​သား​အ​ချင်း​ချင်း​အ​ထဲ​မှ​သော် လည်း​ကောင်း၊ ငါ​တို့​သား​ချင်း​စု​ထဲ​မှ​သော် လည်း​ကောင်း​မိန်း​က​လေး​တစ်​ယောက်​ကို ရှာ​၍​မ​ရ​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး ကြ​၏။ရှံ​ဆုန်​က​လည်း​မိ​မိ​၏​ဖ​ခင်​အား``ထို​အ​မျိုး သ​မီး​ကို​သာ​လျှင်​ကျွန်​တော်​၏​အ​တွက်​တောင်း ရမ်း​ပေး​စေ​လို​ပါ​သည်။ သူ့​အား​ကျွန်​တော်​နှစ် သက်​ပါ​သည်'' ဟု​ဆို​၏။

4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား တိုက်​ခိုက်​ရန်​အ​ခွင့်​အ​ခါ​ကို​ရှာ လျက်​ရှိ​သ​ဖြင့် ရှံ​ဆုန်​အား​ဤ​အ​မှု​အ​ရာ​ကို ပြု​စေ​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​မူ​သူ​၏ မိ​ဘ​တို့​သည်​မ​သိ​ကြ။ ထို​ကာ​လ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​ဝယ် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကြီး​စိုး​လျက်​နေ သော​ကာ​လ​တည်း။