သူ​ကြီး 14:17-20 BCL

17 ထို​အ​မျိုး​သ​မီး​သည်​ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ပွဲ​ရက်​ခု​နစ်​ရက်​စ​လုံး​ပင်​ငို​ကြွေး​လျက်​နေ​၏။ သို့​ရာ​တွင်​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​သူ သည်​အ​လွန်​ပူ​ဆာ​သ​ဖြင့် ရှံ​ဆုန်​သည်​သူ့​အား စ​ကား​ထာ​ကို​ဖော်​ပြ​လိုက်​တော့​၏။ ထို​အ​ခါ သူ​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ပြော​ပြ​လိုက်​လေ​သည်။-

18 သို့​ဖြစ်​၍​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​အိပ် ခန်း​အ​တွင်း​သို့ ရှံ​ဆုန်​မ​ဝင်​မီ​ထို​မြို့​သား တို့​က၊``ပျား​ရည်​ထက်​ချို​မြိန်​သော​အ​ရာ၊ ခြင်္သေ့​ထက်​သန်​စွမ်း​သော​သူ​ရှိ​နိုင်​ပါ​သ​လော''ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း``အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​နွား​မ​နှင့် မ​ထွန်​မ​ယက်​ရ​လျှင်ငါ့​စ​ကား​ထာ​ကို​ဖော်​ပြ​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်''ဟု​ပြန်​ပြော​လေ​သည်။

19 ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရှံ​ဆုန် အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ သ​ဖြင့် သူ​သည်​အာ​ရှ​ကေ​လုန်​မြို့​သို့​သွား ပြီး​လျှင်​လူ​သုံး​ဆယ်​ကို​သတ်​၍ ဝတ်​ကောင်း စား​လှ​များ​ကို​ချွတ်​ယူ​ကာ​စ​ကား​ထာ ကို​ဖော်​ပြ​သော​သူ​တို့​အား​ပေး​အပ်​လိုက်​၏။ ထို​နောက်​သူ​သည်​အ​မျက်​ထွက်​၍​မိ​မိ​အိမ် သို့​ပြန်​သွား​လေ​သည်။-

20 သူ​၏​ဇ​နီး​ကို​မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​ရှံ​ဆုန် ၏​လူ​ပျို​ရံ​ဖြစ်​သူ​နှင့်​ပေး​စား​လိုက်​ကြ​၏။