သူ​ကြီး 14:8-14 BCL

8 ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ရှံ​ဆုန်​သည် ထို​သူ​ငယ်​မ​နှင့်​လက်​ထပ်​ထိမ်း​မြား ရန်​ပြန်​လာ​၏။ ထို​ခ​ရီး​တွင်​သူ​သည်​လမ်း​မ မှ​လွှဲ​ရှောင်​ကာ မိ​မိ​ယ​ခင်​က​သတ်​ခဲ့​သည့် ခြင်္သေ့​ကို​ကြည့်​ရှု​ရန်​သွား​ရာ​ခြင်္သေ့​အ​သေ ကောင်​ထဲ​၌​ပျား​အုံ​နှင့်​ပျား​များ​ကို​တွေ့ ရှိ​ရ​သ​ဖြင့်​အံ့​သြ​၍​သွား​လေ​သည်။-

9 သူ​သည်​ပျား​ရည်​အ​နည်း​ငယ်​ကို​လက်​ထဲ သို့​ခြစ်​ယူ​ကာ​ခ​ရီး​ပြု​ရင်း​စား​၏။ မိ​ဘ တို့​ထံ​သို့​ရောက်​သော​အ​ခါ​၌​သူ​တို့​အား လည်း​အ​နည်း​ငယ်​ပေး​၍​စား​စေ​၏။ သို့​ရာ တွင်​ပျား​ရည်​ကို​ခြင်္သေ့​အ​သေ​ကောင်​၏ အ​ထဲ​မှ​ရ​ရှိ​ကြောင်း​ကို​မူ​ရှံ​ဆုန်​သည် သူ​တို့​အား​မ​ပြော​ချေ။

10 သူ​၏​ဖ​ခင်​သည်​ချွေး​မ​၏​အိမ်​သို့​တစ်​ဖန် သွား​ရောက်​၏။ ရှံ​ဆုန်​သည်​လူ​ပျို​လူ​ရွယ်​တို့ ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​စား​သောက် ပွဲ​ကို​ကျင်း​ပ​၏။-

11 အ​ရပ်​သား​တို့​သည်​သူ့​ကို​မြင်​လျှင်​လူ​ပျို လူ​ရွယ်​သုံး​ဆယ်​ကို​သူ​နှင့်​အ​တူ​ပွဲ​ခံ​စေ ခြင်း​ငှာ​စေ​လွှတ်​လိုက်​ကြ​၏။-

12 ရှံ​ဆုန်​က​သူ​တို့​အား``သင်​တို့​အား​စ​ကား ထာ​ကို​ငါ​ဝှက်​မည်။ သင်​တို့​သည်​မင်္ဂ​လာ​ဆောင် ပွဲ​ရက်​ခု​နစ်​ရက်​မ​လွန်​မီ​ဖော်​နိုင်​လျှင် ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ကို​ငါ​ပေး​မည်။-

13 မ​ဖော်​နိုင်​လျှင်​ငါ့​အား​သင်​တို့​က​ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ပေး​ကြ​ရ​မည်'' ဟု​ဆို​၏။``သူ​တို့​က​စ​ကား​ထာ​ကို​ဝှက်​သာ​ဝှက်​ပါ။ ငါ​တို့​နား​ထောင်​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။

14 ရှံ​ဆုန်​က၊``စား​သူ့​အ​ထဲ​မှ​စား​စ​ရာ၊သန်​သူ့​အ​ထဲ​မှ​ချို မြိန်​ရာ၊ ထွက်​ပေါ်​လာ​ခဲ့​တာ''ဟု​ဆို​လေ​သည်။ သုံး​ရက်​ကြာ​သော်​လည်း​ထို သူ​တို့​သည်​စ​ကား​ထာ​ကို​မ​ဖော်​နိုင်​ကြ သေး​ပေ။