သူ​ကြီး 14:9-15 BCL

9 သူ​သည်​ပျား​ရည်​အ​နည်း​ငယ်​ကို​လက်​ထဲ သို့​ခြစ်​ယူ​ကာ​ခ​ရီး​ပြု​ရင်း​စား​၏။ မိ​ဘ တို့​ထံ​သို့​ရောက်​သော​အ​ခါ​၌​သူ​တို့​အား လည်း​အ​နည်း​ငယ်​ပေး​၍​စား​စေ​၏။ သို့​ရာ တွင်​ပျား​ရည်​ကို​ခြင်္သေ့​အ​သေ​ကောင်​၏ အ​ထဲ​မှ​ရ​ရှိ​ကြောင်း​ကို​မူ​ရှံ​ဆုန်​သည် သူ​တို့​အား​မ​ပြော​ချေ။

10 သူ​၏​ဖ​ခင်​သည်​ချွေး​မ​၏​အိမ်​သို့​တစ်​ဖန် သွား​ရောက်​၏။ ရှံ​ဆုန်​သည်​လူ​ပျို​လူ​ရွယ်​တို့ ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​စား​သောက် ပွဲ​ကို​ကျင်း​ပ​၏။-

11 အ​ရပ်​သား​တို့​သည်​သူ့​ကို​မြင်​လျှင်​လူ​ပျို လူ​ရွယ်​သုံး​ဆယ်​ကို​သူ​နှင့်​အ​တူ​ပွဲ​ခံ​စေ ခြင်း​ငှာ​စေ​လွှတ်​လိုက်​ကြ​၏။-

12 ရှံ​ဆုန်​က​သူ​တို့​အား``သင်​တို့​အား​စ​ကား ထာ​ကို​ငါ​ဝှက်​မည်။ သင်​တို့​သည်​မင်္ဂ​လာ​ဆောင် ပွဲ​ရက်​ခု​နစ်​ရက်​မ​လွန်​မီ​ဖော်​နိုင်​လျှင် ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ကို​ငါ​ပေး​မည်။-

13 မ​ဖော်​နိုင်​လျှင်​ငါ့​အား​သင်​တို့​က​ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ပေး​ကြ​ရ​မည်'' ဟု​ဆို​၏။``သူ​တို့​က​စ​ကား​ထာ​ကို​ဝှက်​သာ​ဝှက်​ပါ။ ငါ​တို့​နား​ထောင်​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။

14 ရှံ​ဆုန်​က၊``စား​သူ့​အ​ထဲ​မှ​စား​စ​ရာ၊သန်​သူ့​အ​ထဲ​မှ​ချို မြိန်​ရာ၊ ထွက်​ပေါ်​လာ​ခဲ့​တာ''ဟု​ဆို​လေ​သည်။ သုံး​ရက်​ကြာ​သော်​လည်း​ထို သူ​တို့​သည်​စ​ကား​ထာ​ကို​မ​ဖော်​နိုင်​ကြ သေး​ပေ။

15 လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​က ရှံ​ဆုန်​၏ ဇ​နီး​အား``သင်​၏​ခင်​ပွန်း​ကို​လှည့်​ဖြား​၍​ထို စ​ကား​ထာ​ကို​ငါ​တို့​သိ​ရှိ​ရ​အောင်​ဖော်​ပြ ခိုင်း​ပါ​လော့။ အ​ကယ်​၍​ဤ​သို့​သင်​မ​ပြု​ပါ မူ​သင်​နှင့်​တ​ကွ​သင့်​ဖ​ခင်​၏​နေ​အိမ်​ကို​ပါ ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်။ သင်​တို့​ဇ​နီး မောင်​နှံ​နှစ်​ယောက်​သည် ငါ​တို့​၏​ပစ္စည်း​ဥစ္စာ ကို​လု​ယူ​လို​၍​ငါ​တို့​အား​ဖိတ်​ခေါ်​ခဲ့ သည်​မ​ဟုတ်​လော'' ဟု​ကြိမ်း​မောင်း​ကြ​၏။